ယူကရိန်းတွေက ရုရှား နျူ့စက်ရုံကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းတွေက ရုရှား နျူ့စက်ရုံကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့


စက်တင်ဘာ -၂၆ ( သောကြာနေ့ ) 

ကုလသမဂ္ဂ အဏုမြူစောင့်ကြည့်ရေး အကြီးအကဲ ရာဖေးဂရော့စီ က ရုရှားနိုင်ငံ မော်စကိုကို အလည်အပတ် လာရောက်စဉ်အတွင်း ရုရှားနိုင်ငံရဲ့ နျူကလီယားစီမံကိန်းတွေရဲ့ အဆင့်မြင့်ပုံကို ချီးကျူးခဲ့ပါတယ်။ မနေ့ကတော့ ယူကရိန်း ဒရုန်းတစ်စီးက အမှတ် ( ၂ ) ကာ့စ် နျူကလီယား ဓာတ်အားပေး စက်ရုံကို တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲ့ဒိတိုက်ခိုက်မှုက အဏုမြူစောင့်ကြည့်ရေး အကြီးအကဲ အလည်အပတ် ခရီးနဲ့ တိုက်ဆိုင်နေပါတယ်။ 

ကာ့စ်ဒေသ  အုပ်ချုပ်ရေးမှူး က အဲ့ဒိဒရုန်းက ကာချာတော့ဗ် မြို့ရှိ နျူ့ဓာတ်အားပေး စက်ရုံဝန်းထဲက အရန်အဆောက်အဦတစ်ခုကို ထိမှန်ခဲ့ပြီး ပေါက်ကွဲပျက်စီးသွားခဲ့ပါတယ်။ နံရံတွေမှာ ကျည်ဆန်ရာတွေလို အပေါက်ပေါက်တွေဖြစ်ခဲ့ပြီး မီးလောင်ကျွမ်းခဲ့ပါတယ်။ ဒဏ်ရာရသူနဲ့ အသေအပျောက်မရှိဘူးလို့လည်း ဆိုပါတယ်။ စက်ရုံမှူး ကတော့ စက်ရုံက ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေပြီး ဓာတ်ရောင်ခြည်အဆင့် တည်ငြိမ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်တဲ့ ဂရောစီ က ကမ္ဘာလုံးဆိုင်ရာ အနုမြူဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ရေပေါ်နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ၊ သင်္ဘောတင် နျူကလီးယား စွမ်းအင်စက်ရုံ နဲ့  နျူကလီယား ဖြူးရှင်းနည်ပညာ သုတေသနစသည့် နယ်ပယ်များတွင် ရုရှားရဲ့ ဉီးဆောင် အခန်းကဏ္ဍကို မီးမောင်းထိုးပြခဲ့ပါတယ်။ ဒီနှစ် ဒီဇင်ဘာလမှာ ဗီယင်နာမြို့၌ ပြုလုပ်မယ့် နျူကလီးယားစက်မှုလုပ်ငန်းဆိုင်ရာ IAEA ညီလာခံကို တက်ရောက်ဖို့ ရုရှားကုမ္ပဏီများကို ဖိတ်ကြားခဲ့ပြီး အေဂျင်စီက ရုရှားသူဌေးတွေကို BRICS ဖွံ့ဖြိုးရေးဘဏ်သစ် နဲ့ ပူးပေါင်းလုပ်ဆောင်ရန် အကြံပြုခဲ့ပါတယ်။ 

မနေ့က ညနေပိုင်းမှာ ဂရော့စီက ကရင်းမလင်နန်းတော်မှာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံခဲ့ပြီး ကမ္ဘာ့နျူကလီးယား ဘေးကင်းရေး နဲ့  ရုရှားရဲ့ ပူးပေါင်းဆောင်ရွက်မှုကို IAEA ကိုယ်စား ဆွေးနွေးခဲ့ကြပါတယ်။ ပူတင်သည် အေဂျင်စီ၏ လုပ်ဆောင်မှုကို ချီးကျူးခဲ့ပြီး မော်စကိုက IAEA ကို ပံ့ပိုးမှုတွေ ဆက်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)