အောင်လံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး “အမြဲမပြတ် လေ့လာသင်ယူရေး” စကားဝိုင်း ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အောင်လံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး “အမြဲမပြတ် လေ့လာသင်ယူရေး” စကားဝိုင်း ကျင်းပ




အောင်လံ ၊  စက်တင်ဘာ ၁၆


မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အောင်လံမြို့၊ အ.ထ.က(ရွာထောင်) ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးသိန်းက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း (Never Stop Leraning Talk Show) ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ပညာရေးအငြိမ်းစား ဆရာကြီးဦးတင်ဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအား ဟောပြောဆွေးနွေးခဲ့ပြီး စကားဝိုင်းတွင် အောင်လံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးသိန်းက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ခဲ့ပြီး အ.ထ.က(ရွာထောင်)ကျောင်းမှ ကျောင်းသား/ ကျောင်းသူများဖြစ်သော မောင်ဖြိုးမင်းကျော်၊ မသင်းဟေမာန်ဦး၊ မောင်ကျော်ဇင်ဖြိုးနှင့် မယွန်းအိဖြူတို့က မစန္ဒာ၏ “အရိပ်” စာအုပ်ပါအကြောင်းအရာများကို ပါဝင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား/ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


အာကာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)