စက်တင်ဘာ - ၂၉ ( တနင်္လာနေ့ )
ယူကေတွင် တစ်ဝမ်းကွဲချင်းအိမ်ထောင်ပြုခြင်းပတ်သက်ပြီး ၄၀ကျော်မှ ကလေးယူခြင်း၊ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်ခြင်းနဲ့ အရက်သောက်ခြင်းတို့လို အလေ့အကျင့်တွေက မျိုးရိုးဗီဇအန္တရာယ်ဖြစ်နိုင်တယ်ဆိုပြီး အဲ့ဒိအလေ့အကျင့်တွေကို နှိုင်းယှဉ်ပြီးတော့ ယူကေနိုင်ငံရေး သမားများက အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။
တစ်ဝမ်းကွဲချင်း ယူတဲ့ အလေ့ကျင့်က ၁၆ ရာစုနှစ်ကတည်းက စခဲ့တယ်လို ဆိုရပါမယ်။ အဲ့ဒိတုန်းက ဘုရင် ဟင်နရီ ၆ က တစ်ဝမ်းကွဲ ညီမဖြစ်သူ ကတ်သရင်း ကို လက်ထပ်ဖို့အတွက် ဥပဒေစည်းမျဉ်းတွေကို ပြင်ခဲ့ပါတယ်။ လက်ရှိဥပဒေမှာတော့ မောင်နှမအရင်း အချင်းချင်း မယူရဘူးလို့ တားမြစ်ထားပေမဲ့ ဝမ်းကွဲတွေ မပါပါဘူး။
ကွန်ဆာဗေးတစ်အမတ် ရစ်ချက်ဟိုဒန် က ကလေးများရဲ့ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေတယ်လို့ ငြင်းခုံကာ ယင်းကဲ့သို့ လက်ထပ်ထိမ်းမြားခြင်းကို တားမြစ်ရန် လွှတ်တော်ကို ဥပဒေကြမ်းအား တင်သွင်းခဲ့ပါတယ်။ အဲ့ဒိဥပဒေကြမ်းက ပြီးခဲ့သည့်အပတ်မှာ အောက်လွှတ်တော်ကို ပြန်လည်ရောက်ရှိလာပြီး လာမည့်နှစ် အစောပိုင်းတွင် ဒုတိယအကြိမ် ပြန်လည်ဖတ်ရှုရန် စီစဉ်ထားပါတယ်။
အဲ့ဒိ ပြုပြင်ပြောင်းလဲရေးတောင်းဆိုမှုများကို တုံ့ပြန်သည့်အနေဖြင့် အင်္ဂလန် အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာန( NHS) က တားမြစ်ပိတ်ပင်မှုကို မိတ်ဆက် သင့် မသင့်ကို ချိန်ဆကာ ပြီးခဲ့သည့်အပတ်က ဆောင်းပါးတစ်ပုဒ် ကို ထုတ်ဝေခဲ့ပါတယ်။ တစ်ဝမ်းကွဲ အချင်းချင်း လက်ထပ်ထိမ်းမြားခြင်းက ခိုင်မာအား ကောင်းသော မိသားစု ပံ့ပိုးမှုစနစ်များနှင့် စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများ အပါအဝင် ဖြစ်နိုင်ခြေအမျိုးမျိုးသော အကျိုးခံစားခွင့်များကို ကိုးကားဖော်ပြထားပါတယ်။
အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး မီဒီယာတွေမှာလည်း အကျယ်တဝင့် ရေးသားဖော်ပြနေကြပါတယ်။ ဟိုဒန်ကတော့ ကျန်းမာရေးဝန်ကြီးဌာနက ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ထိခိုက်စေပြီး ဖိနှိပ်မှုများကို ရပ်တန့်သင့်ပြီ လို့ ဝေဖန်ပြစ်တင်ထားပါတယ်။ အလုပ်သမား အစိုးရကလည်း မသိချင်ယောင်ဆောင်နေတယ် ဆိုပြီး ပြစ်တင်ထားပါတယ်။
ပြဿနာရဲ့အစ က အာရှာအလီခန်း ဆိုတဲ့ သူက သူတို့မိသားစုရဲ့ ဝမ်းကွဲချင်း ယူတဲ့ အစီအစဉ်ကြောင့် ကလေး ၃ ယောက်လုံး ငယ်ငယ်နဲ့ ဆုံးသွားခဲ့ရတာနဲ့ပတ်သက်ပြီး ပြောကြဆိုကြရင်းနဲ့ ပေါ်လာတာပဲ ဖြစ်ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment