စက်တင်ဘာ - ၂၄ ( ဗုဒ္ဓဟူးနေ့ )
ကိုးလ်ကတ္တား နဲ့ အနီးတစ်ဝိုက်ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မိုးနှင့်ဆက်စပ်တဲ့ ဖြစ်စဉ်များကြောင့် လူခုနစ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒိထဲမှာ ငါးဦးက ဓာတ်လိုက်ခံရကြောင်း အိန္ဒိယတူဒေ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာအများအပြားတွင် ဒူးခေါင်းအထိ ရေနစ်မြုပ်ခဲ့ပြီး အင်္ဂါနေ့နံနက်ပိုင်း နောက်ဆုံးမိနစ်အရောက်မှာတော့ ကျောင်းတွေပိတ်လိုက်ကြောင်း ကြေငြာခဲ့ပါတယ်။ အိမ်တွေလည်း ရေမြုပ်တယ်။ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမယ်လို့ အိန္ဒိယမိုးလေဝသဌာန (IMD) က ခန့်မှန်းထားပါတယ်။
ကာလကတ္တားမြူနီစီပယ်ကော်ပိုရေးရှင်း (KMC) က မြို့တော်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် မိုးရွာသွန်းမှု အပြင်းထန်ဆုံးဖြစ်ခဲ့ကြောင်း သိရပါတယ်။ နာရီပိုင်းအတွင်း မိုးရေ ၃၃၂ မီလီမီတာ ရရှိခဲ့ပြီး အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
REF: News 18
https://t.me/MyanmarNationalPost

No comments:
Post a Comment