မိုဒီရဲ့ ၇၅ နှစ်မြောက်မွေးနေ့အတွက် ပူတင်က ဆုတောင်းစကားပို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုဒီရဲ့ ၇၅ နှစ်မြောက်မွေးနေ့အတွက် ပူတင်က ဆုတောင်းစကားပို့


စက်တင်ဘာ - ၁၈ ( ကြာသပတေးနေ့ ) 

မနေ့က ( ဗုဒ္ဓဟူးနေ့ ) မှာ အသက် ၇၅ နှစ်ပြည့်ပြီဖြစ်တဲ့ အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာမိုဒီ အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်က မွေးနေ့ဆုတောင်းစကား ပေးပို့ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ပထမဆုံးအကြိမ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရပြီးကတည်းက မိုဒီ နဲ့ပူတင်တို့က ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးမှု ရှိခဲ့ပါတယ်။ 

"လေးစားအပ်ပါသော မစ္စတာဝန်ကြီးချုပ်ခင်ဗျာ၊ ခင်ဗျားရဲ့ ၇၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျနော်ပေးပို့လိုက်တဲ့ ဂုဏ်ပြုလွှာကို လှိုက်လှိုက်လှဲလှဲ လက်ခံပေးပါ။ ကျွန်ုပ်တို့နိုင်ငံတွေကြား အထူးအခွင့်ထူးခံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာအားကောင်းလာအောင်၊ နယ်ပယ်အသီးသီးမှာ အပြန်အလှန် အကျိုးရှိသော ရုရှား-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုကို ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ခင်ဗျားက ပုဂ္ဂိုလ်ရေးအရ ပံ့ပိုးကူညီမှုတွေ ပြုလုပ်နေပါတယ်" လို့ ပူတင်ရဲ့ နှုတ်ဆက် ဆုတောင်းစကားကို  ကရင်မလင်နန်းတော် က  ထုတ်ပြန်ခဲ့ပါတယ်။ 

မိုဒီရဲ့လမ်းညွှန်မှုအောက်တွင် အိန္ဒိယသည် လူမှုရေး၊ စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာနယ်ပယ်များတွင် အထင်ကြီးလောက်တဲ့ ရလဒ်များ ရရှိခဲ့ကြောင်း ပူတင်က ၎င်းရဲ့ သဝဏ်လွှာတွင် ပြောကြားခဲ့ပါတယ်။ “ကျနော်တို့ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ နှစ်နိုင်ငံ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အစီအစဉ်တွေမှာ လက်ရှိ ပြဿနာတွေအပေါ် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေနဲ့ ပူးတွဲလုပ်ဆောင်မှုတွေ ဆက်လုပ်နေမှာ သေချာပါတယ်” လို့ ရေးပို့ ခဲ့ပါတယ်။ 

"ရုရှားနိုင်ငံသားတိုင်းကိုယ်စား ခင်ဗျားရဲ့ ၇၅ နှစ်မြောက် မွေးနေ့မှာ ငါတို့ရဲ့မိတ်ဆွေ အိန္ဒိယဝန်ကြီးချုပ်ကိုဂုဏ်ပြုကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်” လို့ ဆိုပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)