Pages

Pages

မြောက်ဥက္ကလာပမြို့နယ်၌ ဆေးတက္ကသိုလ်(၂)မှ တတိယနှစ်ဆရာ၀န်လောင်းများက (ဃ)ရပ်ကွက်အတွင်း တစ်အိမ်တက် တစ်အိမ်ဆင်း ကျန်းမာရေးစောင့်ရှောက်မှုပေး










မြောက်ဥက္ကလာပ၊ စက်တင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာဌာန  နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူး ပေါင်း၍ ဆေးတက္ကသိုလ်(၂)မှတတိယနှစ်ဆရာ၀န် လောင်းများက (ဃ)ရပ်ကွက်အတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း ကျန်မားရေးစောင့်ရှောက်မှု့ပေးခြင်းကိုစက်တင်ဘာ ၂၆ ရက်နေ့  နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ ကျန်းမာရေး စောင့်ရှောက်မှုများပေးရာတွင်  ဆေးတက္ကသိုလ်(၂)ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာဌာန မှ ပါမောက္ခ/ဌာနမှူး ဒေါက်တာဒေါ်ပပစိုးနှင့် ဆရာဝန်ကြီးများ၊ မြောက်ဥက္ကလာပမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်းနှင်အဖွဲ့များ ၊ဆေးတက္ကသိုလ်(၂)မှ တတိယနှစ်ဆရာ၀န်လောင်း (၂၈၅)ဦးခန့်က အဖွဲ့များခွဲ၍  (ဃ)ရပ်ကွက်အတွင်း နေထိုင်ကြ သောပြည်သူများ၏ နေအိမ်များသို့ တစ်အိမ်တက် ၊တစ်အိမ်ဆင်းကျန်မားရေးစောင့်ရှောက်မှု့ပေးအပ်သည့် Family Care Visit လုပ်ငန်းအား ဆောက်ရွက် ပေးခဲ့ကြရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်မိခင်နှင်ကလေးစောင့် ရှောက်မှု ကြီးကြပ်ရေးအသင်း၊ အမျိုးသမီးရေးရာ အဖွဲ့များ၊ လူမှုရေးအဖွဲ့များက ဝိုင်း၀န်းကူညီ ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment