Pages

Pages

ဗဟန်းမြို့နယ်ရှိ ရွှေတောင်ကြား(၁)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား





ရန်ကုန်၊ စက်တင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ဗဟန်းမြို့နယ် ရွှေတောင်ကြား(၁)ရပ်ကွက် ငွေဝတ်မှုန်ရိပ်သာလမ်း အမှတ်(၇၀/တ)၊ အကျယ်အဝန်း (၃၅×၄၀)ပေရှိ RC နှစ်ထပ်၊ အဆောက်အဦ၏ အပေါ်ထပ် အကျယ်အဝန်း(၁၅×၄၀)ပေ အခန်းတွင် စက်တင်ဘာလ(၂၇)ရက်နေ့ ည(၁၀)နာရီ (၄၀)မိနစ်အချိန်က အဲယားကွန်းအတွင်းပန်ကာ၏ မော်တာ အပူလွန်ကဲပြီး မီးစထွက်ရာမှ အောက်ရှိမွေ့ယာပေါ်သို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူနှင့်တိရစ္ဆာန် ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာသို့ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၆)စီး၊ သ‌န္ဓေမီးသတ်တပ်ဖွဲ့ဝင်(၄၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၈)ဦးတို့ဖြင့် ရောက်ရှိမီးငြှိမ်းသတ်ခဲ့ရာ ည(၁၁)နာရီ(၁၆) မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် အခန်းအတွင်းရှိ အဲယားကွန်းတစ်လုံး၊ ပန်ကာတစ်လုံး၊ မွေ့ယာတစ်ခု၊ ကုတင်တစ်လုံး၊ အဝတ်အစားအနည်းငယ်နှင့် အိမ်အတွင်းပစ္စည်းအနည်းငယ်တို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ ဦးဇော်မောင်အား ဗဟန်းမြို့မရဲစခန်းမှ (ပ) ၂၃၃ / ၂၀၂၅ / ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment