နေပြည်တော်၊ စက်တင်ဘာ ၃၀
နေပြည်တော်တွင် ကျင်းပသည့် အကယ်ဒမီပေးပွဲတွင် ဗုဒ္ဓဦးခေါင်းတော်ကို ဖက်ရှင်အဖြစ် ကိုင်ဆောင်ခဲ့မှုနှင့် ပတ်သက်၍ အောင်ကိုမိုး ဆိုသူအား တရားစွဲဆိုထားရာ ယနေ့(၃၀-၉-၂၀၂၅)ရက်နေ့ ရုံးထုတ်ခဲ့ပြီး တရားခွင်သို့ အောင်ကိုမိုး၏ ရှေ့နေ အောင်ရဲစိုးနှင့် တရားခံဘက်မှ (ခံပြသက်သေများ) လာရောက်ခြင်း မရှိကြောင်း သိရသည်။
နေပြည်တော်အမျိုးသားရေးအဖွဲ့ မှ ဆရာတော် ဦးပညာ က "ဒီနေ့ ရုံးချိန်းကို အောင်ကိုမိုးရဲ့ ရှေ့နေ အောင်ရဲစိုးလည်း မလာဘူး။ သက်သေထွက်ဆိုမယ့်သူလည်း မလာဘူး။ ရုံးချိန်းပြန်ပေးပြီး ပြန်လာခဲ့ရတာပဲ။ အောင်ကိုမိုး ဘက်ကနေ သက်သေအဖြစ် တင်ထားတာ ၁၁ ယောက်တောင် ရှိတယ်။ တစ်ချိန်းပဲ လာရောက်ထွက်ဆိုတယ်။ ၂ချိန်း ရှိပြီ သူ့ဘက်က သက်သေထွက်မယ့်သူတွေ မလာဘူး။ ၄ဦး ပယ်လိုက်ပြီ။ နောက်ထပ် ၅ယောက် ကျန်အုံးမယ်။ အောင်ကိုမိုး ရှေ့နေက တရားရုံးကိုတော့ လာသွားတယ်လို့ စုံစမ်းသိရှိရတယ်။ တရားခွင်ကို လာရောက်ကြောင်း လက်မှတ်မထိုးဘဲ ပြန်သွားတယ်။" ဟု ပြောသည်။
အောင်ကိုးမိုး ဆိုသူသည် အကယ်ဒမီပေးပွဲတွင် ဗုဒ္ဓဦးခေါင်းတော်ကို ဖက်ရှင်အဖြစ် အသုံးပြုခဲ့ခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူများက တရားစွဲဆိုခဲ့ခြင်း မရှိသောကြောင့် အမျိုးသားရေးလှုပ်ရှားသူများဘက်က တရားစွဲဆိုခဲ့ရပြီး နေပြည်တော်အမျိုးသားရေးအဖွဲ့မှ သံဃာတော်များ၊ လူပုဂ္ဂိုလ်များက သက်သေအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ လိုပြသက်သေများ စစ်ဆေးပြီးချိန်တွင် အောင်ကိုမိုး ဘက်မှ ခံပြသက်သေများ တင်သွင်းလာခြင်းကြောင့် ဒက္ခိဏမြို့နယ်တရားရုံးတွင် ဆက်လက်စစ်ဆေးနေခြင်းဖြစ်ပြီး ယခင်အပတ်ကလည်း အောင်ကိုမိုး၏ သက်သေများ လာရောက်ထွက်ဆိုခြင်း မရှိ၊ ယနေ့ ရုံးချိန်းတွင်လည်း လာရောက်ထွက်ဆိုခြင်း မရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment