နိုင်ငံတော်၏ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နံပါတ်တစ်အချက် တည်ငြိမ်အေးချမ်းအောင် ကြိုးစားရမယ် ဟု ရှင်းလင်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်၏ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နံပါတ်တစ်အချက် တည်ငြိမ်အေးချမ်းအောင် ကြိုးစားရမယ် ဟု ရှင်းလင်းပြောကြား


နေပြည်တော်၊ စက်တင်ဘာ ၇

တရုနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံတော်၏ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အပြန်ခရီးတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားစဉ် နံပါတ်တစ်အချက် တည်ငြိမ်အေးချမ်းအောင် ကျွန်တော်တို့ ကြိုးစားရမယ် ဟု ရှင်းလင်းပြောကြားသည်။

နိုင်ငံတော်၏ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က "တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ ပြုလုပ်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အပေါင်း အစည်းအဝေး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး မစ္စတာရှီကျင်းဖျင်ရဲ့ ဖိတ်ကြားချက်အရ ကျွန်တော် တက်ခဲ့ပါတယ်။ ဒီမှာလည်း အဖွဲ့ဝင်နိုင်ငံတွေ၊ လေ့လာသူနိုင်ငံ၊ နောက် ဆွေးနွေးဘက်နိုင်ငံ ကျွန်တော်တို့ တက်ကြပါတယ်။ ဒီမှာလည်း တော်တော်များများ ခေါင်းဆောင်တွေနဲ့ ကျွန်တော် ဘိုင်လထရယ်တွေ့ဆုံနိုင်ခဲ့တာ ရှိသလို တွေ့ဆုံဆွေးနွေး ပြောကြားမှုတွေလည်း ရှိပါတယ်။ အလားတူစွာပဲ စက်တင်ဘာလ (၃)ရက်နေ့မှာ ပြုလုပ်တဲ့ နှစ်(၈၀)ပြည့် ဖက်စစ်အောင်ပွဲနေ့အခမ်းအနားကိုလည်း ကျွန်တော် တက်ရောက်ခဲ့ပါတယ်။ တော်တော်ကို အောင်မြင်တဲ့ ကောင်းမွန်တဲ့ အခမ်းအနားတွေလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာအခြေအနေ အရပ်ရပ်ကို ဒီမှာ ပွင့်ပွင့်လင်းလင်းပဲ ကျွန်တော်တို့ ဆွေးနွေးခဲ့တာ ရှိတယ်။ ကျွန်တော် နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အချိန်မှာလည်း နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေ၊ မြန်မာနိုင်ငံမှာ လာမယ့်ဒီဇင်ဘာလမှာ ပြုလုပ်ကျင်းပမယ့် ရွေးကောက်ပွဲအခြေအနေ ကျွန်တော် ရှင်းပြပါတယ်။ တွေ့ဆုံဆွေးနွေးခဲ့တဲ့ နိုင်ငံခေါင်းဆောင်တွေရော တွေ့ဆုံပြောဆိုခဲ့တဲ့ နိုင်ငံခေါင်းဆောင်တွေရော က မြန်မာနိုင်ငံကို အပြည့်အဝ နားလည်ပြီးတော့မှ အားလုံး ရပ်တည်ထောက်ခံမှု ပြုခဲ့ကြတယ်။ စောစောက ပြောတဲ့ ဒီဇင်ဘာလမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲလည်း အားလုံးထောက်ခံတယ်။ သူတို့လည်း ဒီဟာနဲ့ပတ်သက်ပြီးတော့ အောင်မြင်အောင် ဆန္ဒပြုတဲ့အကြောင်းလည်း သူတို့ပြောပါတယ်။"ဟု ဆိုသည်။

ဆက်လက်၍ နိုင်ငံတော်၏ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က "ကျွန်တော်တို့တိုင်းပြည်ကို ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ ကြိုးစားအားထုတ်ဖို့ လိုပါတယ်လို့ ပြောချင်တယ်။ ဒီလိုလုပ်နိုင်ဖို့ဆိုရင်လည်း တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့လိုတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့အတွက်ဆိုရင်လည်း ကျွန်တော်တို့ တကယ်ကို အသိရှိရှိနဲ့ လုပ်မှ ရမှာပေါ့။ ကျွန်တော့်ရပ်တည်ချက် အတိုင်း ကျွန်တော် မပြောင်းလဲပါဘူး။ ကျွန်တော် ရအောင် သွားမှာ ဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလ ရွေးကောက်ပွဲပြီးပြီဆိုရင် ဖြစ်ပေါ်လာမယ့် ပြည်သူက ရွေးချယ်တဲ့ လမ်းကြောင်းအတိုင်း နိုင်ငံတော်ရဲ့ ရှေ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်သွားမှာ ဖြစ်ပါတယ်။ အဲဒီမှာမှ ကျွန်တော်တို့က ဒါကိုမှ အငြင်းပွားပြီးတော့မှ ကဏ္ဍကောဇလုပ်နေမယ်ဆိုရင်တော့ အသီးအပွင့်တွေက အပြည့်အဝ ခံစားရမှာတော့ မဟုတ်ဘူး။ တည်ငြိမ်အေးချမ်းဖို့အတွက်လည်း လိုပါတယ်။ တည်ငြိမ်အေးချမ်းဖို့အတွက် နိုင်ငံရေးအသိရှိရှိနဲ့ လုပ်ဖို့လည်း လိုပါတယ်။ နံပါတ်တစ်အချက် တည်ငြိမ်အေးချမ်းအောင် ကျွန်တော်တို့ ကြိုးစားရမယ်။ အတန်းပညာရှိအောင် ကြိုးစားမယ်။ ပြီးလို့ရှိရင် ပညာရေးနဲ့ပတ်သက်လို့ ရအောင်မြှင့်တင်ပေးရမယ်။ နောက် ကျွန်တော်တို့ အလုပ်လုပ်ဖို့ လိုတယ်။ ဒီလိုလုပ်နိုင်မှာသာ အခုသွားတဲ့ခရီးစဉ်အတွင်းမှာ ရရှိခဲ့တဲ့ ရလာဒ်တွေကို ကျွန်တော်တို့ ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်နိင်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်ဗျ။" ဟု ရှင်းလင်းပြောကြားထားသည်။

နိုင်ငံတော်၏ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံခရီးစဉ်မှ ပြန်လည်ရောက်ရှိသည့် ယမန်နေ့(၆-၉-၂၀၂၅) ရက်နေ့တွင် တပ်မတော်စစ်ကြောင်းများက KNU အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ကော့ကရိတ်- သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)