စက်တင်ဘာ - ၂၂ ( တနင်္လာနေ့ )
ပေါ်တူဂီနိုင်ငံခြားရေးဝန်ကြီး ပေါ်လို ရန်ဂျယ်က ပေါ်တူဂီနိုင်ငံအနေနဲ့ ပါလက်စတိုင်းနိုင်ငံကို တရားဝင် အသိအမှတ် ပြုရန် ဆုံးဖြတ်လိုက်တယ် လို့ ကြေညာခဲ့ပါတယ်။ ပေါ်တူဂီသည် ကနေဒါ၊ ဩစတေးလျ နဲ့ ဗြိတိန်ပြီးလျှင် ပါလက်စတိုင်းကို အသိအမှတ်ပြုတဲ့ စတုတ္ထမြောက်နိုင်ငံဖြစ်လာပါတယ်။
“ကျနော်တို့ကတော့ နိုင်ငံနှစ်ခုလုံးနဲ့ ငြိမ်းချမ်းတဲ့ ဆက်ဆံရေးကို လိုချင်တယ်ပါတယ်။ အဲ့ဒိ အယူအဆနဲ့ ပတ်သက်လို့ ကျနော်တို့ရဲ့ ရပ်တည်ချက်ကို အစ္စရေးနိုင်ငံအနေနဲ့ နားလည်ပေးစေချင်ပါတယ်” လို့ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးကပြောသွားပါတယ်။ ပေါ်တူဂီရဲ့ အခု လုပ်ရပ်က အစ္စရေးကို ဆန့်ကျင်ရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ ငြိမ်းချမ်းရေး နဲ့ ပါလက်စတိုင်းပြည်သူတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လိုလားတာကြောင့် လို့ ပြောပါတယ်။
ပါလက်စတိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက အဆိုပါ ဆုံးဖြတ်ချက်အတွက် ပေါ်တူဂီနိုင်ငံအား ချီးကျူးထားပြီး “နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်များနှင့် ကိုက်ညီသော ရဲရင့်သော ခြေလှမ်းဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် နှစ်နိုင်ငံ အဖြေရှာရေး တိုးတက်အောင်မြင်ရန် ဆက်လက် ကြိုးပမ်းအားထုတ်မှုများကို အားကောင်းစေသည့် ခြေလှမ်းတစ်ရပ် ဖြစ်တယ်” လို့ ဆိုလိုက်ပါတယ်။
လာမည့်သီတင်းပတ်၌ နယူးယောက်မြို့တွင် ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင် ၁၄၀ ကျော် တက်ရောက်တဲ့ ပွဲမှာ အစ္စရေး-ပါလက်စတိုင်းအရေးကို ဆွေးနွေးသွားနိုင်ဖွယ်ရာ ရှိနေပါတယ်။ ပြင်သစ်နှင့် ဆော်ဒီအာရေးဗီးယားတို့က ကမကထပြုကာ ကာလရှည်ကြာ ရပ်တန့်နေသော နှစ်နိုင်ငံဖြေရှင်းချက်ဖြစ်တဲ့ သက်မှတ်ထားတဲ့ နယ်မြေအတွင်းမှာ အစ္စရေး - ပါလက်စတိုင်း အတူယှဉ်တွဲနေထိုင်ရေး ကိစ္စကို ပြန်လည်အသက်သွင်းနိုင်ဖွယ် ရှိနေပါတယ်။
ယခုလအစောပိုင်း အထွေထွေညီလာခံတွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား နိုင်ငံ ၂ နိုင်ငံ ဖြေရှင်းချက်ကို နိုင်ငံတော်တော်များများက တခဲနက် ထောက်ခံထားပါတယ်။ အဲ့ဒိကိစ္စကို အမေရိကန်၊ အစ္စရေး တို့အပြင် ပစ္စိဖိတ်သမုဒ္ဒရာအတွင်းက ကျွန်းနိုင်ငံတွေနဲ့ အခြား ၈ နိုင်ငံ က ဆန့်ကျင်ထားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment