ပြည်ခိုင်ဖြိုးပါတီ လူငယ်တာဝန်ခံ ဒေါက်တာအောင်မြတ်ဦး က အောင်နိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ကိုနိုင်ရမည်ဟူသော အောင်နိုလိုစိတ်ဖြင့် ကြိုးစားဆောင်ရွက်ကြရန် မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ခိုင်ဖြိုးပါတီ လူငယ်တာဝန်ခံ ဒေါက်တာအောင်မြတ်ဦး က အောင်နိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ကိုနိုင်ရမည်ဟူသော အောင်နိုလိုစိတ်ဖြင့် ကြိုးစားဆောင်ရွက်ကြရန် မှာကြား







မြစ်ကြီးနား၊ စက်တင်ဘာ ၁

ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌  ပါတီဗဟိုအလုပ်အမှုဆောင် လူငယ်တာဝန်ခံ ဒေါက်တာအောင်မြတ်ဦး နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ စည်းရုံးရေးမှူးများတွေ့ဆုံ၍ ဩဂုတ်လ ၃၁ရက်နေ့က လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လူငယ်တာဝန်ခံ ဒေါက်တာအောင်မြတ်ဦး က အောင်နိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ကိုနိုင်ရမည်ဟူသော အောင်နိုလိုစိတ်ဖြင့် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်း ပြောဆိုသွားသည်။

ယနေ့အစည်းအဝေးသို့  ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာ အောင်မြတ်ဦး၊ ကချင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံးနှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ မြို့နယ်အတွင်းရှိ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် စည်းရုံးရေးမှူးများ စုစုပေါင်းအင်အား (၇၅)ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ကချင် ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးရာဝမ်ဂျုံးမှ ပြည်နယ်ပါတီ၏  ပါတီအောင်နိုင်ရေးအတွက် ရေးရာအလိုက်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အတူ ရွေးကောက်ပွဲ  အောင်နိူင်ရေးအတွက် အဖွဲ့ခွဲ၍ နယ်မြေအတွင်း ကွင်းဆင်းစည်းရုံး ဆောင်ရွက်သွားရမည့်အစီအစဉ်များကိုတင်ပြဆွေးနွေးခဲ့သည်။

ယင်းနောက်ပါတီဗဟိုအလုပ် အမှုဆောင် လူငယ်တာဝန်ခံ ဒေါက်တာအောင်မြတ်ဦးမှ ရွေးကောက်ပွဲ ကျင်းပမည့်ရက် နီးကပ်လာပြီဖြစ်၍ အားလုံးကြိုးစားဆောင်ရွက်ကြရန်၊ အောင်နိုင်ရေးဆောင်ရွက်ရာတွင် နိုင်ကိုနိုင်ရမည်ဟူသော အောင်နိုင်လိုစိတ်ဖြင့် ကြိုးစားဆောင်ရွက်ကြရန်၊ နယ်မြေဒေအခြေအနေအရ ဆောင်ရွက်၍ရသော အောင်နိုင်ရေးလုပ်ငန်းစဉ်များအား ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့သည်။

၎င်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသော ခရိုင် / မြို့နယ်၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌများမှ ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပြီး ဒေါက်တာအောင်မြတ်ဦး မှ နိဂုံးချုပ်အမှာစကားပြောကြားကာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)