ပြင်ဦးလွင်မြို့နယ်၌ အများပြည်သူ အထင်အမြင် လွဲမှားစေရန်နှင့် အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ တပ်မတော်သားအယာင်ဆောင်ကာ ခြိမ်းခြောက်ပြောဆိုခဲ့သူအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူထားရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်ဦးလွင်မြို့နယ်၌ အများပြည်သူ အထင်အမြင် လွဲမှားစေရန်နှင့် အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ တပ်မတော်သားအယာင်ဆောင်ကာ ခြိမ်းခြောက်ပြောဆိုခဲ့သူအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူထားရှိ


နေပြည်တော်၊ စက်တင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ စက်တင်ဘာလ ၆ ရက်နေ့က အများပြည်သူ အထင်အမြင် လွဲမှားစေရန်နှင့် အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ တပ်မတော်သားအယာင်ဆောင်ကာ ခြိမ်းခြောက်ပြောဆိုခဲ့သူအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ပြင်ဦးလွင်မြို့၊ သီဟ Mobile ဖုန်းဆိုင်သို့ ဖုန်းလာရောက်ဝယ်ယူရန် ရောက်ရှိလာသူ အမည်မသိလူငယ် ၁ ဦးမှ I Phone-13 ဝယ်ယူရန် ဈေးနှုန်းမေးသဖြင့် ဆိုင်ဝန်ထမ်းများမှ ရှင်းလင်းပြောပြခဲ့ရာ အဆိုပါလူငယ်မှ ညနေမှပြန်လာမည် ဖြစ်ကြောင်းပြောဆို၍ ပြန်သွားခဲ့ကြောင်း၊ ထိုနေ့ ည ၇ နာရီခွဲခန့်တွင် အဆိုပါလူငယ်သည် အရက် သေစာသောက်စားမူးယစ်ကာ ဖုန်းဆိုင်သို့ပြန်လည်ရောက်ရှိလာပြီး ဖုန်းများအား ထုတ်ယူကြည့်ရှုကာ ၎င်းလိုချင်သည့်ဖုန်းမှာ I Phone-13 ဖြစ်ပြီး ယခုတွေ့ရှိသည့်ဖုန်းမှာ I Phone-11 Pro Max ဖုန်း ဖြစ်နေသဖြင့် မကျေနပ်ကြောင်းပြောကာ ဆိုင်မှဝန်ထမ်းများအား ၎င်းမှာတပ်မတော်မှ တပ်ကြပ်ကြီး အဆင့်ရှိ စိုးဝင်းဖြစ်ကြောင်း၊ ဆိုင်တစ်ဆိုင်လုံးအား PDF ဟုပြောဆိုပြီး ဖမ်းခိုင်းမည်ဖြစ်ကြောင်း၊ ယူနီဖောင်းဝတ်ပြီး ပြန်လာမည်ဖြစ်ကြောင်းစသဖြင့် ကြမ်းတမ်းစွာခြိမ်းခြောက်ပြောဆို ထွက်ခွာ သွားကြောင်းသတင်းရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့သည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါလူငယ်အား စုံစမ်း ဖော်ထုတ်ခဲ့ရာ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာ၊ ရပ်ကွက်ကြီး(၂၁)နေ စိုးဝင်း(၂၄)နှစ်(ဘ) ဦးသိန်းအောင်ဆိုသူဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး စိုးဝင်းမှာ တပ်မတော်သားတစ်ဦး မဟုတ်ဘဲ တပ်မတော်သားအဖြစ် အယောင်ဆောင်ကာ တပ်မတော်အပေါ် ပြည်သူလူထုအထင်အမြင် လွဲမှားစေရန်ရည်ရွယ်၍ ပြောဆိုခြိမ်းခြောက်ခဲ့ကြောင်း စစ်ဆေးအတည်ပြုပေါ်ပေါက်သဖြင့် အများ ပြည်သူအထင်အမြင်လွဲမှားစေရန်နှင့် အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ တပ်မတော်သားအယာင် ဆောင်ကာ ခြိမ်းခြောက်ပြောဆိုခဲ့သူ စိုးဝင်းအား ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၁၈၅/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က/ ၁၇၀ ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

မသမာသူများသည် နိုင်ငံတော်အစိုးရကို အကြည်အညိုပျက်စေရန် ရည်ရွယ်၍ ပြစ်မှုကျူးလွန်ရာ၌ တပ်မတော်/ဌာနဆိုင်ရာဝန်ထမ်းများအယောင်ဆောင်ကာ ပြည်သူလူထုအား ခြိမ်းခြောက်၊ အနိုင်ကျင့်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ဖော်ပြပါ ဖြစ်စဉ်အတိုင်း မသင်္ကာဖွယ်ဆောင်ရွက်သူများတွေ့ရှိပါက အနီးဆုံးသက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရဲစခန်းများသို့ အချိန်မီ သတင်းပို့တိုင်ကြားနိုင်ပါကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)