ဂျာမနီမှာ ဆစ်ဖလစ်ရောဂါပိုး ( အနူရောဂါ ) ပြန့်နှံ့နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျာမနီမှာ ဆစ်ဖလစ်ရောဂါပိုး ( အနူရောဂါ ) ပြန့်နှံ့နေ


စက်တင်ဘာ - ၂၈ ( တနင်္ဂနွေနေ့ ) 

ရောဘတ်ကို့ တက္ကသိုလ် (RKI) မှ နောက်ဆုံး အစီရင်ခံစာအရ ဆစ်ဖလစ်ကူးစက်မှု အရေအတွက်သည် ၂၀၂၄ ခုနှစ်တွင် ၉၅၁၉ ဦးအထိ ရောက်ရှိခဲ့ကြောင်းနဲ့ ၂၀၀၀ ခုနှစ်အစ က  ၁,၆၉၇ ဦးသာ ရှိခဲ့ကြောင်း ကို နှိုင်းယှဉ်ပြပြီး ရောဂါပြန့်နေတယ်လို့ ဆိုလိုက်ပါတယ်။  

ဆစ်ဖလစ် အနူရောဂါက ထရီပိုနီးမား ပေါ်လီဒန် ဘက်တီးရီးယားကြောင့်ဖြစ်တာဖြစ်ပြီး လိင်ကနေတဆင့် ကူးစက်တဲ့ရောဂါဖြစ်ပါတယ်။ ရေဂါဖြစ်ပွားတဲ့ နှုန်းက လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုအတွင်း တဖြည်းဖြည်း တိုးလာပါတယ်။ ၂၀၀၄ ခုနှစ်တွင် ရောဂါဖြစ်ပွားသူ ဦးရေ ၃၃၆၄ အထိ ဖြစ်ပွားမှု မြင့်တက်လာခဲ့ပါတယ်။ အထူးသဖြင့် အမျိုးသားအချင်းချင်း လိင်ဆက်ဆံမှု နဲ့ လိင်ပြောင်းအမျိုးသမီးများနဲ့ လိင်ဆက်ဆံမှု ကြားမှာ အဖြစ်များပါတယ်။ 

ကြာသပတေးနေ့ထုတ် Epidemiologisches စာစောင်မှာ  ၂၀၂၃ နှင့် နှိုင်းယှဉ်ပါက တစ်နှစ်ထက်တစ်နှစ် ၃.၉ % တိုးလာနေပါတယ်လို့ ဖော်ပြထားပါတယ်။ LGBTQ အသိုင်းအဝိုင်းတွေရဲ့ အဖွဲ့ဝင်များတွင် ကူးစက်မှုအများစုဖြစ်နေပြီး အမျိုးသမီးများတွင် ရောဂါဖြစ်ပွားမှုက ၇.၆% သာရှိပါတယ်။ ရောဂါဖြစ်စေတတ်တဲ့ လိင်ကွဲ လိင်ဆက်ဆံမှု အချိုးမှာလည်း ယခင်နှစ်ကထက် အနည်းငယ် မြင့်တက်လာပါတယ်။ 

လူနာများရဲ့ ပျမ်းမျှအသက်မှာ ၄၁ နှစ်ဝန်းကျင်ဖြစ်ပြီး ပြန်လည်ကူးစက်ခံရင်နဲ့ ရောဂါ ဆက်လက် ဖြစ်ပွားနေတာကလည်း ပါပါသေးတယ်။ ဘာလင်၊ ဟမ်းဘတ်၊ ကိုလော့န၊ ဖရန့်ဖတ်နှင့် မြူးနစ်အပါအဝင် အဓိကမြို့ကြီးများတွင် ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်း RKI မှ မီးမောင်းထိုးပြခဲ့ပါတယ်။ 

လိင်တူချစ်သူများကြားတွင် ဖြစ်ပွားမှုများသည် ၁၉၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်းမှစ၍ အလုံးစုံတိုးမြင့်လာခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်တွင် ဟမ်းဘတ်မြို့တွင် ပထမဆုံး သိသိသာသာ တိုးလာမှုကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်တွင် အမျိုးသားများတွင် ဖြစ်ပွားမှုနှုန်းသည် အမျိုးသမီးများထက် ဆယ်ဆပိုများခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)