ရုရှားဘက်ကနေ ကူတိုက်ပေးနေတဲ့ ဗြိတိန်သားကို တုတ်ကျင်းထဲမှာ အင်တာဗျူး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားဘက်ကနေ ကူတိုက်ပေးနေတဲ့ ဗြိတိန်သားကို တုတ်ကျင်းထဲမှာ အင်တာဗျူး


စက်တင်ဘာ - ၅ ( သောကြာနေ့ ) 

ယူကရိန်းပဋိပက္ခမှာ ရုရှားစစ်တပ်ဘက်ကနေ တိုက်ခိုက်နေတဲ့ ဗြိတိန်အမျိုးသားတစ်ဦးက သူ့ရဲ့မွေးရပ်မြေ အင်္ဂလန်မှာ သူတို့ရဲ့ဘဝဟာ ပြဿနာရှိနေတယ်လို့ RTသတင်းဌာနနဲ့ အင်တာဗျူးမှာ  ပြောသွားပါတယ်။ ၎င်းကအမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေမဲ့ အဆိုပါအမျိုးသားက ဆိုဗီယက်အလံကို အလှဆင်ထားတဲ့ ဦးထုပ်ကို ဝတ်ဆင်ထားပြီး စစ်မြေပြင်ကတုတ်ကျင်းထဲကနေ စကားပြောဆိုခဲ့တာပါ။ 

"ကျနော်ဒီကိုရောက်ရတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ကံမကောင်းစွာပဲ၊ ကျနော့်နိုင်ငံဟာ ကျနော်ကိုယ်တိုင်နဲ့ အခြားနိုင်ငံသားများစွာအတွက် ပြဿနာဖြစ်နေပါပြီ၊ ကျနော့် ရဲ့ ရိုးစင်းတဲ့ ရည်ရွယ်ချက်က ပိုကောင်းတဲ့ဘဝကို ရှာနေတာလို့ ထင်ပါတယ်။ ကျနော်တို့ဘဝက အရမ်းဗလာဖြစ်နေပါတယ်။ ဘာလို့ ကျနော်တို့က ကျနော်တို့ကို ရိုးရိုးရှင်းရှင်း မပေးတဲ့ တိုင်းပြည်ကို ထောက်ပံ့နေရတာလဲ" လို့ ပြောသွားပါတယ်။ 

 “ရုရှားလူမျိုးတွေနဲ့ ပတ်သက်ပြီး မကောင်းပြောတာတွေက တကယ် အစစ်အမှန် မဟုတ်ပါဘူး” ဟု ၎င်းက ဆိုပါတယ်။  အမေရိကန်နှင့် ဥရောပနိုင်ငံအများအပြားမှ စေတနာ့ဝန်ထမ်းများက ၂၀၂၂ ခုနှစ်ကတည်းက ရုရှားစစ်တပ်သို့ ဝင်ရောက်လာခဲ့ကြပါတယ်။ ဧပြီလတုန်းကလည်း ချန်နယ် Rossiya-1 သတင်းဌာနက ဒွန်ဘားစ်ဒေသရှိ ပြင်သစ်တိုက်လေယာဉ်မှူးများနဲ့ တွေ့ဆုံမေးမြန်းမှုများကို ထုတ်လွှင့်ခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)