တောင်ကြီးမြို့၌ ၂ဝ၂၅ ခုနှစ်၊ ရှမ်းပြည်နယ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကြီးမြို့၌ ၂ဝ၂၅ ခုနှစ်၊ ရှမ်းပြည်နယ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပြုလုပ်



နေပြည်တော်၊ စက်တင်ဘာ ၇ 

၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအား ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ တောင်ကြီး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ပြုလုပ်ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ပြိုင်ပွဲဝင် များ၊ ဝါသနာရှင်များ၊ အကဲဖြတ် ပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ၊တိုင်းမှူးနှင့်တာဝန်ရှိသူတို့က ၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ယင်းနောက် တောင်ကြီးတက္ကသိုလ်မှ ကျောင်းသူတစ်ဦးက မြတစ်ခက်သီချင်း ဖြင့်လည်းကောင်း၊ ဓနုစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဓနုတိုင်းရင်းသားရိုးရာအကဖြင့်လည်းကောင်း၊ ဆိုင်းဝိုင်းကြီးအဖွဲ့ လိုက်ဖြင့် လည်းကောင်း အသီးသီး ဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်မှ ဖျော်ဖြေတင်ဆက် ကြသူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဒိုင်အဖွဲ့ ဝင်များနှင့် ပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးစကားပြောကြားသည်။

အဆိုပါ ၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ယနေ့မှ စက်တင်ဘာလ ၈ ရက်နေ့အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)