စက်တင်ဘာ - ၁၉ ( သောကြာနေ့ )
တရုတ်နိုင်ငံသည် ရုရှား၏ မြောက်ဘက်ကမ်းရိုးတန်းတစ်လျှောက် အာတိတ်မှတစ်ဆင့် ဥရောပသို့ သွားရောက်နိုင်ဖို့အတွက် သင်္ဘောလမ်းကြောင်းသစ်တစ်ခု ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း ပေါ်လစ်တီကို သတင်းဌာနရဲ့ သတင်းတစ်ခုမှာ မနေ့ကဖော်ပြခဲ့ပါတယ်။ ရုရှားနိုင်ငံ၏ မြောက်ဘက်ကမ်းရိုးတန်းတစ်လျှောက် မိုင်ထောင်ချီရှိသော အာတိတ်ရေပြင်ကိုဖြတ်ပြီး မြောက်ပိုင်းပင်လယ်လမ်းကြောင်း (NSR) အတိုင်း သွားတာက ပိုမိုသွားလာရလွယ်ကူတဲ့အတွက်ကြောင့် အဲ့ဒိ နိုင်ငံတကာပရောဂျက်အသစ်က အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်တယ်လို့ မော်စကိုအစိုးရက ချီးကျူးခဲ့ပါတယ်။
လာမယ့် စက်တင်ဘာ ၂၀ ရက်တွင် တရုတ်နိုင်ငံ နင်ဘို-ကျူရှန် ဆိပ်ကမ်းမှ ယူကေရှိ ဖီလစ်စတိုဝီ ဆိပ်ကမ်းသို့ ရေခဲခွဲသင်္ဘောအစောင့်အကြပ်ဖြင့် အစ္စတန်ဘူလ်ကွန်တိန်နာသင်္ဘောကို စေလွှတ်မှာပဲ ဖြစ်ပါတယ်။ ခရီးစဉ်က ၁၈ ရက်ကြာနိုင်တယ်လို့ သိရပါတယ်။ အဲ့ဒိ အကွာအဝေးကို စူးအက်တူးမြောင်းမှတဆင့်သွားရင် ရက် ၄၀ ခန့် ကြာပြီး ၊ အာဖရိကတောင်ပိုင်းစွန်းရှိ ဂွဒ်ဟုတ်အငူကနေ ပတ်သွားရင် ရက် ၅၀ ကြာပြီး ယူရေရှန် မီးရထားလမ်းမှသွားရင် ၂၅ ရက်ကြာပါတယ်။ လက်ရှိ လမ်းကြောင်း အသစ်က ရိုးရာရေကြောင်းခရီးများထက် သိသိသာသာပိုမြန်နေပါတယ်။
"အာတိတ်ဒေသသည် ရာသီဥတုပြောင်းလဲမှုကြောင့် ပထဝီဝင်နိုင်ငံရေးမြေပုံ ပြောင်းလဲလာတဲ့ ပထမဆုံး ဒေသ ဖြစ်သွားပါပြီ " လို့ အာတိတ်အင်စတီကျုမှ မော်တီဟမ်ပါတ် ကိုဆိုပါတယ်။ အာတိတ်ဒေသက အရင်းအမြစ်များ နဲ့ သင်္ဘောလမ်းကြောင်းများဝင်ရောက်နိုင်ခြင်းက ပထဝီဝင်နိုင်ငံရေးအပြောင်းအလဲများကို ဖန်တီးနိုင်တော့ မယ်လို့ ပြောပါတယ်။
ရေကြောင်း ကုန်သွယ်မှုအများစုသည် စူးအက်တူးမြောင်း၊ မြေထဲပင်လယ်နှင့် စင်္ကာပူတို့ကို ဖြတ်သန်း စီးဆင်း နေချိန်မှာ အခုလမ်းကြောင်းသစ်က ခရီးစဉ်ကို ၄၀ ရာခိုင်နှုန်းခန့် တိုတောင်းသွားစေပါတယ်။ “ပထဝီဝင်နိုင်ငံရေး မသေချာမရေရာမှုများစွာ” ကြုံတွေ့နေရတာကြောင့် အာတိတ်ဒေသက မကြာမီကာလအတွင်း အခြားရွေးချယ် စရာတစ်ခု ဖြစ်လာနိုင်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။ သူပြောချင်တာက စူးအက်တူးမြောင်း ပတ်ဝန်းကျင် က ပင်လယ်ဓားပြများ ရန် ၊ ပင်လယ်နီအတွင်းမှာ ဒရုန်းတွေ ဒုံးတွေ နဲ့ လှမ်းပစ်နေတဲ့ ရန် ၊ အာဖရိက ကမ်းရိုးတန်း တစ်လျှောက်က ပင်လယ်ဓားပြတွေရဲ့ ရန် နဲ့ တောင်တရုတ်ပင်လယ်ထဲက ပင်လယ်ဓားပြတွေရဲ့ ရန်ကို ရှောင်ကွင်းဖို့က အာရှအရှေ့ပိုင်း နိုင်ငံတွေနဲ့ မြောက်အမေရိကတိုက် နဲ့ ဥရောပတိုက်သားတွေအတွက် အဆင်ပြေတဲ့ လမ်းကြောင်း ဖြစ်လာနိုင်တယ်လို့ ဆိုလိုတာပါ။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment