စက်တင်ဘာ - ၁၉ ( သောကြာနေ့ )
ဒီလ ၄ ရက်နေ့တုန်းက ကွန်ဂိုဒိမိုကရက်တစ်သမ္မတနိုင်ငံ အလယ်ပိုင်းက ကာဆိုင်းခရိုင် ဘူလာပီ ကျန်းမာရေး စောင့်ရှောက်မှု ဒေသမှာ အီဘိုလာဗိုင်းရပ်စ်ပြန့်နှံ့မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ကူးစက်မှုဖြစ်ပွားနေတာကို အချိန်မီသိရှိလို့ ကာကွယ်စောင့်ရှောက်မှု လက်ဦးတာတောင် ကူးစက်ခံရတဲ့ သူ ၄၈ ဦး ရှိသွားပြီး ကုသမှုပေးနေရင်းက ဒီကနေ့မှာ ၃၈ မြောက် သေဆုံးသွားခဲ့ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။
မနေ့ကတော့ သေဆုံးမှုအများဆုံးဖြစ်ပြီး ၁၆ ဦးတောင်သေဆုံးသွားတယ်လို့ သိရပါတယ်။ ပြည်တွင်း နဲ့ နိုင်ငံတကာ ကျန်းမာရေး တာဝန်ရှိသူများက ယခုသီတင်းပတ်အစောပိုင်းကနေ စပြီး ဗိုင်းရပ်စ်ကူးစက် ခံထားရသူများအား ကာကွယ်ဆေးထိုးနှံပေးသည့် လှုပ်ရှားမှုကို စတင်လုပ်ဆောင်ကာ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် အလျင်စလို လုပ်ဆောင်လျက်ရှိပါတယ်။
ဘူလာပီ ရှိ ရှေ့တန်းကျန်းမာရေးဝန်ထမ်း ၅၂၃ ဦး နဲ့ နီးစပ်ရာ အသိုင်းအဝိုင်းများကိုလည်း အင်္ဂါနေ့ကတည်းက ကာကွယ်ဆေးထိုးထားကြောင်း WHO တာဝန်ရှိသူများက မနေ့က ပြောကြားခဲ့ပါတယ်။ အီဘိုလာရောဂါ ဖြစ်ပွားမှုက မြန်ဆန်နေတဲ့ အတွက် လက်ရှိအထိ စောင့်ကြည့်ခံနေရတဲ့သူ ၉၃၄ ဦီး ရှိနေပါတယ်။
REF: UPI
https://t.me/MyanmarNationalPost


No comments:
Post a Comment