စက်တင်ဘာ - ၂၉ ( တနင်္လာနေ့ )
ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်တို့က အီရန်အပေါ် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို ပြန်လည်အသက်သွင်းခဲ့ပြီး အီရန်အစိုးရက နျူကလီးယားအစီအစဉ် နဲ့ ပတ်သက်ပြီး ကတိကဝတ်များကို ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။ အီရန်ဘက်ကတော့ အဆိုပါ လုပ်ရပ်ကို တရားမဝင်ဘူးလို့ ပြောဆိုလိုက်ပြီး ဘယ်နိုင်ငံရဲ့ ပိတ်ဆို့အရေးယူမှုကို မဆို လိုက်နာရန် တာဝန်မရှိဘူးလို့ ဆိုလိုက်ပါတယ်။
မနေ့ကထုတ်ပြန်တဲ့ ပူးတွဲထုတ်ပြန်ချက်တစ်ခုတွင် ဥရောပအစိုးရ ၃ ဖွဲ့သည် IAEA ရဲ့ ဝင်ရောက်ခွင့်ကို အီရန်အစိုးရဘက်က ငြင်းဆိုခြင်း နဲ့ ယူရေနီယံများ အများအပြား လက်ခံထားရှိတာကို အရေအတွက်မဖော်ပြခြင်း တို့ကို စွပ်စွဲထားပါတယ်။ အီရန်ကို ပိတ်ဆို့ထားမှု ဖြေလျှော့ပေးထားတဲ့ကာလ ရက် ၃၀ ပြည့်သွားပြီဖြစ်လို့ ပြန်လည် ချမှတ်တော့မယ်လို့ သိရပါတယ်။
"ဝမ်းနည်းစရာကောင်းတာက အီရန်က ကျွန်ုပ်တို့ရဲ့စိုးရိမ်မှုတွေကို ဖြေရှင်းဖို့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှု တွေ မလုပ်ခဲ့ဘူး" လို့ E3ထုတ်ပြန်ချက် မှာ ဆိုထားပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်အားလုံးကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ကို အကောင်အထည်ဖော်ဖို့နဲ့ ဒီခြေလှမ်းဟာ သံခင်းတမန်ခင်းရဲ့အဆုံးသတ်မဟုတ်ဘူးလို့ အလေးပေးပြောကြားခဲ့ပါတယ်။ “ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေကနေ ရှောင်ကြဉ်ဖို့နဲ့ သူ့ရဲ့တရားဝင် အကာအကွယ်ပေးရေး တာဝန်ဝတ္တရားတွေကို လိုက်နာဖို့ အီရန်ကို ကျွန်ုပ်တို့ တိုက်တွန်းထားပါတယ်” လို့လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ပြန်လည်ချမှတ်မယ့် အစီအမံတွေမှာ သမားရိုးကျ လက်နက်ပိတ်ဆို့မှု၊ ပဲ့ထိန်းဒုံးကျည်များနှင့် ဆက်နွှယ်နေသည့် ကန့်သတ်ချက်များကို ပြန်လည်အသက်သွင်းရန်၊ ခရီးသွားလာခွင့် ပိတ်ပင်မှုများနှင့် သတ်မှတ်ထားသော ကိန်းဂဏန်းများပေါ်တွင် ပိုင်ဆိုင်မှုကို ရပ်တန့်စေခြင်း၊ ထိလွယ်ရှလွယ် နျူကလီးယားနှင့် ဆက်နွှယ်သည့် ကုန်သွယ်မှုအပေါ် တားမြစ်ခြင်းတို့ ပါဝင်ပါတယ်။
အဲ့ဒိကိစ္စတွေကို တရုတ် နဲ့ရုရှားကတော့ လက်မခံပါဘူး။ အီရန်နိုင်ငံခြားရေးဝန်ကြီး အာရာဂချီ ကတော့ အဆိုပါလုပ်ရပ်သည် “လုံးဝအခြေအမြစ်မရှိ၊ ဥပဒေမဲ့၊ အကျုံးမဝင်” ကြောင်း ပြောဆိုခဲ့ပြီး အီရန်နှင့် အခြားနိုင်ငံများကလည်း တရားဝင်လိုက်နာရန် တာဝန်မရှိဘူးလို့ ပြောသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment