မြန်အောင်မြို့နယ် သပြေကုန်းတိုက်နယ်အတွင်း စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်အောင်မြို့နယ် သပြေကုန်းတိုက်နယ်အတွင်း စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချပေး




မြန်အောင် ၊ စက်တင်ဘာ ၅


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှ သပြေကုန်းတိုက်နယ်အတွင်း၌ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ယမန်နေ့နံနက်က စားအုန်းဆီများကို သတ်မှတ်စျေးနှုန်းအတိုင်းရောင်းချပေးခဲ့ကြောင်းသိရသည်။


မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း သပြေကုန်းတိုက်နယ် ဆီကိုယ်စားလှယ်မှ စားအုန်းဆီ တစ်ပိဿာ (၇၄၀၀) ကျပ်နှုန်းဖြင့် စားအုန်းဆီ (၂၈၆၀)ပိဿာအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချပေးနေမှုကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်အောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး အရောင်းကိုယ်စားလှယ်များအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် တစ်လတစ်ပိဿာ ရောင်းချပေးရန်နှင့် အလေးချိန်မှန်ကန်စွာ ရောင်းချရန် ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ဝင်းဗိုလ် ( မြန်အောင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)