ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တီမောလက်စ်တေ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးတို့ ဦးဆောင်သော နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တီမောလက်စ်တေ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးတို့ ဦးဆောင်သော နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ


နေပြည်တော်၊ စက်တင်ဘာ ၁၉

တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာဘန်ဒီတိုဒို့စ်ဆန်းတို့စ်ဖရိတ်တက်စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ အလုပ်သဘောခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တီမောလက်စ်တေနိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာဘန်ဒီတိုဒို့စ်ဆန်းတို့စ်ဖရိတ်တက်စ်တို့ ဦးဆောင်သည့် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံပြီး နှစ်နိုင်ငံကိစ္စရပ်များကို ဆွေးနွေးကြသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးကို အာဆီယံပဋိညာဉ်၊ အခြေခံမူများ၊ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ တစ်နိုင်ငံ၏ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှုမပြုဘဲ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို တိုးမြှင့်သွားကြရန် အလေးထား ဆွေးနွေးသဘောတူခဲ့သည်။

ထို့ပြင် တီမောလက်စ်တေနိုင်ငံက မြန်မာအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းများကို ရုံးဖွင့်လှစ်ခြင်း၊ တရားမဝင်ဆန့်ကျင်သည့် လှုပ်ရှားမှုများဆောင်ရွက်ခြင်းခွင့်ပြုမည်မဟုတ်ကြောင်းနှင့် မြန်မာ နိုင်ငံအစိုးရအား တီမောလက်စ်တေနိုင်ငံ မြို့တော်ဒီလီ၌ မြန်မာသံရုံး လာရောက်ဖွင့်လှစ်ရန် ဆွေးနွေး ကမ်းလှမ်းခဲ့ပြီးနှစ်နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှု၍ အာဆီယံနိုင်ငံများအကြား ချုပ်ဆိုကြသည့် နှစ်နိုင်ငံသံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးနှင့် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းတိုးမြှင့်ရေးအတွက် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)