ကြံခင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာလာရောက်ထုတ်ယူကြသော ပင်စင်စားများအား ဆီနှင့် ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာလာရောက်ထုတ်ယူကြသော ပင်စင်စားများအား ဆီနှင့် ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး







ကြံခင်း၊ စက်တင်ဘာ   ၂၂

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား ပင်စင်လစာငွေများကို ယနေ့နံနက်(၆)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိရာတွင် မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ပင်စင်စားများအား ဆီနှင့်ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် တာဝန်ရှိသူ များက ပင်စင်လာရောက်ထုတ်ယူကြသော အငြိမ်းစားဝန်ထမ်းများအား အလှူရှင်မိသားစုမှ လှူဒါန်း သည့်အဟာရနို့ဆန်ပြုတ်များ တိုက်ကျွေးနေမှု၊ မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ယဉ်ယဉ်မွန် နှင့် ဝန်ထမ်းများက  ပင်စင်လစာ လာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိစေရန်   ပင်စင်စားများ စနစ်တကျထုတ်ပေးနေမှုနှင့် နိုင်ငံ့ဝန်ထမ်း(ငြိမ်း) ပင်စင်စားများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး ကြည့်ရှုခဲ့ကြသည်။ ထို့နောက် ပင်စင်စားများအား မြို့နယ်ဆီကုန်သည်များအသင်းနှင့်ပူးပေါင်း၍ ဆီ ပိသာ ၁၁၀ နှင့် ကြက်ဥအလုံး ၅၀၀ တို့ကို မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန မှ ဝန်ထမ်းများက တစ်ဦးလျှင် ဆီ ၅၀ ကျပ်သား ၃၅၀၀ နှုန်း၊ ကြက်ဥ ၅ လုံးပါ တစ်ထုပ်လျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြသည်။

ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ  မြို့ပြပင်စင်စား(၆၈၅)ဦး၊ ကာကွယ်ရေး ပင်စင်စား(၃၂၁)ဦး၊ နိုင်ငံရေးပင်စင်စား(၇၃)၊ ရဲပင်စင်စား(၉၃)ဦးရှိကြောင်းနှင့်  စက်တင်ဘာလ (၂၁) ရက်နေ့မှ(၃၀)ရက်နေ့အထိ၊ နေ့စဉ်ရုံးဖွင့်ရက်များတွင် နံနက်(၆)နာရီမှ နေ့လည်(၁၂)နာရီအထိ ထုတ်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)