ကျောက်ဆည်ခရိုင်တွင် ငွေကျပ် ၃ ဒသမ ဝဝ၃ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၂ဝ ဒသမ ၁၂ ကီလို ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်ခရိုင်တွင် ငွေကျပ် ၃ ဒသမ ဝဝ၃ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၂ဝ ဒသမ ၁၂ ကီလို ဖမ်းဆီးရမိ




နေပြည်တော်၊ စက်တင်ဘာ ၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၂၅ ရက်နေ့ ည ၇ နာရီခွဲအချိန်သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ အမှတ် (၃) ခရိုင် ချင်းဆက်လမ်း၌ ဉာဏ်လင်းမောင်းနှင်ပြီး လှခိုင်လိုက်ပါလာသော TOYOTA LITEACE မော်တော်ယာဉ်၊ စံဝင်းလင်းမောင်းနှင်သည့် IZONE မော်တော်ယာဉ်နှင့် ထက်အောင်ဇော်မောင်းနှင်သည့် ဆိုင်ကယ်တို့အား စစ်ဆေးရှာဖွေရာ မော်တော်ယာဉ် ၂ စီးပေါ်မှ ဘိန်းဖြူအလေးချိန် ၁၂၀ ဒသမ ၁၂ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၀၀၃ ဘီလီယံ) အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ည ၁၁ နာရီခွဲအချိန် ဘိန်းဖြူများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ဘုန်းမြင့်မြတ်အား ပြင်ဦးလွင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ဘိန်းဖြူများအား တာဝန်ခံသယ်ဆောင်ခဲ့သူ စိုးဝေလွင် (ဖမ်းဆီးရန်ကျန်) နှင့် တင်မျိုးအောင် (ဖမ်းဆီးရန်ကျန်) တို့ ရှေ့ပြေးအဖြစ် ဆောင်ရွက်ရာတွင် အသုံးပြုခဲ့သည့် NISSAN AD VAN မော်တော်ယာဉ်အား မြစ်သားမြို့နယ်၊ အမှတ် (၃) ခရိုင် ချင်းဆက်လမ်းတွင်လည်းကောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီခွဲအချိန် ဘိန်းဖြူများအား မူဆယ်မှ ရွာငံမြို့နယ်သို့ သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် စိုးဝေလွင် ပိုင်ဆိုင်သော HINO PROFIA ၁၂ ဘီး မော်တော်ယာဉ်အား ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ) ရပ်ကွက်တွင်လည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိဘိန်းဖြူများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်မှ ရွာငံမြို့နယ်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်သို့ မော်တော်ယာဉ်များပြောင်းလဲ၍ သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)