မြို့သစ်မြို့နယ်ရှိ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ရေကျော်ကျ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ်ရှိ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ရေကျော်ကျ




မြို့သစ် ၊  စက်တင်ဘာ ၂၆


မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းကစတင်၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ယမန်နေ့ ည ( ၁၀)နာရီအချိန် ဆည်ရေတိုင်းထွာချက်အရ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅) ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၅ ဒသမ ၁၀) ပေရှိသည့်အတွက် ရေပိုလွှဲမှ (၀ ဒသမ ၁ပေ)၊ ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀) ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၁ ဒသမ ၆၀)ပေရှိသည့်အတွက် ရေပိုလွှဲမှ (၁ ဒသမ ၁ပ)ရေကျော်ကျလျက်ရှိကြောင်း၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ရေကျော်ကျမှုရှိသော်လည်း ဆည်၏ ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်း၊ ဆည်အခြေအနေနှင့်ပတ်သက်၍ သိရှိနိုင်ရန် ဝန်ထမ်းများအား အလှည့်ကျရေကင်းတာဝန်ချထားကာ ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆည်အနီးနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် အရေးပေါ်အခြေအနေအဆင့်(၁)အဖြစ် အစိမ်းရောင်အလံများ လွှင့်ထူကာ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန  ဦးစီးအရာရှိ ဦးပေါ်တင့်ထံက သိရသည်။


ဝင်းအိဇွန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)