စက်တင်ဘာ - ၂၁ ( တနင်္ဂနွေနေ့)
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ က အိန္ဒိယနိုင်ငံ ရဲ့ ရန်သူအစစ်က အခြားသော ကမ္ဘာ့နိုင်ငံတွေ မဟုတ်ဘဲ နိုင်ငံခြားတိုင်ပြည်တွေရဲ့ဩဇာအာဏာကို မှီခိုနေခြင်းပဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူက ကန်ဒေါ်လာ ၄၀ ဘီလီယံကျော်တန်ဖိုးရှိတဲ့ ရေကြောင်းပရောဂျက်များကို စတင်ခဲ့တဲ့ ဂူဂျာရတ်မြို့တွင် ကျင်းပတဲ့ပွဲတစ်ခု၌ပြောကြားခဲ့တာဖြစ်ပြီး အိန္ဒိယက ကမ္ဘာနိုင်ငံတွေနဲ့ မိတ်ဆွေပဲဖွဲ့မယ်၊ ရန်သူမဖွဲ့ဘူး လို့လည်း ပြောသွားပါတယ်။
“တကယ်တမ်းပြောရရင် ကျနော်တို့ရဲ့ ရန်သူဆိုတာ တခြားနိုင်ငံတွေကို မှီခိုနေရတာပဲဖြစ်တယ်” လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံ သာယာဝပြောမှု၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို အာမခံဖို့က အိန္ဒိယသားတွေ အနေနဲ့ မိမိကိုယ်ကိုယ်အားကိုးရမယ်ဆိုတဲ့ စိတ်ဓာတ်ပဲ လိုတာပါ” လို့ အလေးပေးပြောကြားပြီး ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ရန် နဲ့ ပြင်ပမှီခိုအားထားမှုကို လျှော့ချရန် ၎င်းက ပြောဆိုခဲ့ပါတယ်။
"ကျနော်တို့ကို အခြားသူတွေက သနားပါတယ် ဆိုတဲ့ သဘောတွေ ရှိလာပြီဆိုရင် ကျနော်တို့မှာ အခြားသူတွေရဲ့ လေးစားမှု ပျောက်ဆုံးသွားမှာပါ။ အဲ့လိုပဲ ကျနော်တို့ရဲ့ အနာဂတ်ရင်သွေးတွေကလည်း အနှိမ်ခံဘဝနဲ့ ရှင်သန်ကြီးပြင်းရပါလိမ့်မယ်။ သူများတွေရဲ့ အန္တရာယ်ပြုခြင်းကို ခံနေရလိမ့်မယ်” လို့ ဆိုပါတယ်။
ရေကြောင်းကဏ္ဍကို မီးမောင်းထိုးပြပြီး မိုဒီသည် ပြည်တွင်းသင်္ဘောတည်ဆောက်ရေးနှင့် နည်းပညာမြင့်စက်မှုလုပ်ငန်းများ ပြန်လည်ရှင်သန်ရန် တိုက်တွန်းခဲ့ပါတယ်။ လွန်ခဲ့သော ဆယ်စုနှစ်ငါးစုက အိန္ဒိယသင်္ဘောများသည် နိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု၏ ၄၀ % ကို တာဝန်ယူခဲ့ပြီး ယနေ့ ၅% သာရှိခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။ နိုင်ငံခြား သင်္ဘောကုမ္ပဏီများကို နှစ်စဉ် ဒေါ်လာဘီလီယံနှင့်ချီ ပေးဆောင်ခြင်းကနေ ယခုအခါ နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ် အတွက် သုံးစွဲနိုင်ပြီလို့ ပြောလာပါတယ်။
"ကွန်ပြူတာသုံး ချစ်ပ်တွေပဲဖြစ်ဖြစ်၊ သင်္ဘောပဲဖြစ်ဖြစ် အိန္ဒိယမှာ လုပ်ရမှာပေါ့" လို့ ဆိုပါတယ်။ မိုဒီရဲ့ မှတ်ချက်က အမေရိကန်နှင့် ကုန်သွယ်ရေး တင်းမာမှုများ မြင့်တက်လာချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment