လားရှိုးမြို့တွင် မော်တော်ဆိုင်ကယ်စီးနင်းသွားလာလျက်ရှိသည့် ပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး၍ ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ပေးဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့တွင် မော်တော်ဆိုင်ကယ်စီးနင်းသွားလာလျက်ရှိသည့် ပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး၍ ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ပေးဝေ



လားရှိုး  ၊ စက်တင်ဘာ ၂၆


လားရှိုးမြို့တွင် အမှတ် (၂၀) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရှမ်းမြောက်)နှင့် အမှတ် (၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(လားရှိုး)တို့ပူးပေါင်း၍ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ပေးဝေခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းအခမ်းအနားကို ယမန်နေ့က အမှတ်(၂၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး‌ရှေ့ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သန့်ဇင်၊ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်‌ရောက်ခဲ့ပြီး ပြည်ထောင်စုလမ်းမကြီး‌ပေါ်တွင် မော်တော်ဆိုင်ကယ်စီးနင်းသွားလာလျက်ရှိသည့် ဒေသခံပြည်သူများအား ဆိုင်ကယ်တစ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ် တစ်လုံးနှုန်းဖြင့် စုစုပေါင်းဆိုင်ကယ်စီးဦးထုပ် အလုံး ၅၀၀ အား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ထို့အပြင် မော်တော်ဆိုင်ကယ်စီးနင်းသွားလာလျက်ရှိသည့် ဒေသခံပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် နှစ်အလိုက် ယာဉ်တိုက်မှုနှိုင်းယှဉ်ချက်၊ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၊ ယာဉ်တိုက်မှုဖြစ်လျှင် ဆောင်ရွက်ရမည့်အချက်များ၊ တားမြစ်ခြင်းနှင့် ကန့်သတ်ခြင်း လမ်းညွန်များ၊ ယာဉ်မမောင်းမီစစ်ဆေးရန်အချက်များ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရန်အချက်များ စသည့်အကြောင်းအရာများပါဝင်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်း အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲအား ပြသခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)