မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေနံချောင်းမြို့ ချောင်းတိမ်ချောင်း မြေထိန်းတမံ တည်ဆောက်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေနံချောင်းမြို့ ချောင်းတိမ်ချောင်း မြေထိန်းတမံ တည်ဆောက်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 



ရေနံချောင်း ၊  စက်တင်ဘာ ၁၃


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရေနံချောင်းမြို့ အိုးဘိုရပ်ကွက် ချောင်းတိမ်ချောင်း ရေစီးရေလာကောင်းမွန်ရေး၊ ရေကြီးရေလျှံမှု၊ ကမ်းပြိုမှုကာကွယ်ရေး မြေထိန်းတမံ တည်ဆောက်ခြင်းလုပ်ငန်းများကို ယမန်နေ့က ကြည့်ရှုစစ်ဆေးသည်။

အဆိုပါလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ် (၂၉၉ ဒဿမ ၅) သန်းဖြင့် ရေနံချောင်းမြို့ အိုးဘိုရပ်ကွက် ချောင်းတိမ်ချောင်း မြေထိန်းတမံ တည်ဆောက်ခြင်းလုပ်ငန်း RC Beam အခြေပြုကျောက်စီမြေထိန်းတမံ အလျား (၅၀၀)ပေ နှစ်ဖက်တည်ဆောက်ခြင်းလုပ်ငန်းများကို မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသ(၄)မှ တာဝန်ယူဆောင်ရွက်ခဲ့ရာ မြေထိန်းတမံ၏ကြံ့ခိုင်မှု၊ သတ်မှတ်အရည်အသွေးများနှင့် ပြည့်မီခြင်းရှိ/မရှိတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)