ဇေယျာသီရိမြို့နယ်၌ လူငယ်နှင့်စာဖတ်ခြင်း အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇေယျာသီရိမြို့နယ်၌ လူငယ်နှင့်စာဖတ်ခြင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

 



ဇေယျာသီရိ  ၊ စက်တင်ဘာ ၁၂


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်နှင့်စာဖတ်ခြင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျွန်းရောင်းကျေးရွာအုပ်စု၊ ကြို့ပင်ဆိပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီက “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် အသိပညာဗဟုသုတနှင့်ပြည့်စုံသည့် လူငယ်များဖြစ်ရန် စာကိုများများဖတ်ဖို့လိုကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာအပြင် စာပေကိုခင်တွယ်တန်ဖိုးထားလေ့လာဖတ်ရှုနေမှသာ ဘက်စုံဖွံ့ဖြိုးပြီး အရည်အချင်းရှိတဲ့ လူငယ်မောင်မယ်များဖြစ်လာမှဖြစ်ကြောင်း၊ လူငယ်များဟာ အနာဂတ်တိုင်းပြည်အတွက် အဓိကအရေးပါတာကြောင့် အဘက်ဘက်မှ အသိပညာဗဟုသုတများပြည့်စုံအောင် အချိန်ရတိုင်း စာပေများကို လေ့လာလိုက်စားဖတ်ရှုနေရမည်ဖြစ်ကြောင်း၊ စာဖတ်ရာတွင်လည်း စာဖတ်သက်သက်မဟုတ်ပဲ ဖတ်သမျှမှတ်၊ မှတ်သမျှကို ပြန်လည်မျှဝေနိုင်လျှင်အကျိူးရှိကြောင်း ထို့ကြောင့် လူငယ်များအနေဖြင့် စာပေကိုခင်တွယ်တန်ဖိုးထား လေ့လာမှတ်သားဖတ်ရှုနေရမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

အခမ်းအနားအပြီးတွင် ‌တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


ထွန်းလင်း(ဇေယျာမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)