ဗီယင်နာ၊ စက်တင်ဘာ ၁၉
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ (၆၉)ကြိမ်မြောက် အထွေထွေ ညီလာခံ ကျင်းပနေစဉ်ကာလအတွင်း၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊အဏုမြူစွမ်းအင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ သိင်္ဂီမောင်မောင် နှင့်အတူ IAEA ၏နည်းပညာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ အာရှနှင့်ပစိဖိတ်ဒေသဌာန ညွှန်ကြားရေးမှူး Mr. Ge Deng ဦးဆောင်သော အဖွဲ့နှင့် ၁၈-၉-၂၀၂၅ ရက်၊ နံနက် ၁၁ ၃၀ နာရီတွင် ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းသို့ တွေ့ဆုံစဉ် လက်ရှိ ၂၀၂၄-၂၀၂၅ စက်ဝန်းအောက်မှ မြန်မာနိုင်ငံအတွက် နည်းပညာအကူအညီပေးရေးအစီအစဉ်များ အကောင်အထည်ဖော်ရာတွင် တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင် IAEA နျူကလီးယားစွမ်းအင်ဌာန၊ နျူကလီးယားအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဌာနခွဲအကြီးအကဲ Ms. Liliya Dulinets ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သော စည်းမျဉ်းဥပဒေနှင့်နည်းပညာဆိုင်ရာ အကူအညီများရရှိရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment