ရွှေကူ၊ စက်တင်ဘာ ၂၀
အကြမ်းဖက် KIA အဖွဲ့၏ လုပ်ရပ်ကြောင့် ရွှေကူမြို ဘုမ္မိဇေယျ ရွှေပေါ်ကျွန်းသမိုင်းဝင်စေတီတော်ဘုရားကြီးရှိ ဘုရားစေတီ၊ ကျောင်းများ ပြိုကျ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည့် အခြေအနေနှင့် ပတ်သက်၍ ဒေသခံ ဆရာတော်သံဃာတော်များက တရားမဝင် ရွှေခိုးထုတ်နေမှုများကို တားဆီးပေးရန် တောင်းဆိုထားသည်။
KIAအကြမ်းဖက်အဖွဲ့နှင့် ဝိသမလောဘသားများ ပေါင်း၍ ကချင်ပြည်နယ်၊ ရွှေကူမြို ဘုမ္မိဇေယျရွှေပေါ်ကျွန်းသမိုင်းဝင်စေတီတော်ဘုရားကြီး၊ ရေလည်းရွာကဘုန်းကြီးကျောင်း အနီး မော်တော်ကြီး ၄၀၀၊ ၅၀၀နီးပါးဖြင့် တရားမဝင် ရွှေကျင်(ရွှေထုတ်လုပ်မှု) ပြလုပ်နေခြင်းကြောင့် ဘုရားစေတီ၊ ကျောင်းများပြိုကျ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော် အကြီးအကဲများအနေဖြင့် တရားမဝင် ရွှေထုတ်လုပ်နေမှုများကို တားဆီးပေးနိုင်ရန် ဒေသခံဆရာတော် သံဃာတော်များ က တောင်းဆိုထားသည်။
#ရွှေကူ #KIA #တရားမဝင် #ရွှေတူး
https://t.me/MyanmarNationalPost









No comments:
Post a Comment