ရန်ကုန်၊ စက်တင်ဘာ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် ၄၈ရပ်ကွက်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် ပတ်သက်၍ အသိပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာ၁၂ရက် နံနက်၁၀နာရီတွင် အမှတ်၄၈ရပ်ကွက် မဟာဂန္ဓာရုံလမ်းရှိ ပန်းလှိုင်မဟာစည်သာသနာ့ရိပ်သာ၊ ဓမ္မာရုံတော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချူပ်ရေးကော်မတီရုံးမှ ဒုတိယဦးစီးမှူးက မဲဆန္ဒရှင်ပြည်သူများအား မြန်မာ့အီလက်ထရောနစ်မဲပေးစက် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းကို ပြောကြားခဲ့ပြီး နည်းပြများက မဲဆန္ဒရှင်ပြည်သူများအား မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။
မဲဆန္ဒရှင်ပြည်သူများ စိတ်ပါဝင်စားစွာစမ်းသပ်မဲပေးခဲ့ကြောင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချူပ်ရေးမှုးများတက်ရောက်ခဲ့ကြပြီး အမှတ်၄၈ရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူ တစ်ထောင်ခန့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment