ထန်းတပင်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဉ်များ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဉ်များ ကွင်းဆင်းဆောင်ရွက်




ထန်းတပင်  ၊ စက်တင်ဘာ ၅


ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ သိရှိစေရန်အတွက် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ငန်းကို စက်တင်ဘာလ(၃)ရက်နေ့က အလိန်လည်ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ရေဖြူကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာအုပ်စု၊ ရွှေကြာဗျိုက်ကျေးရွာအုပ်စု၊ ပက်အင်းကလေးကျေးရွာအုပ်စု၊ ဆတ်ကလေးကျေးရွာအုပ်စု၊ ကလိန်ကျေးရွာအုပ်စု၊ သံပုရာကုန် ကျေးရွာအုပ်စုနှင့် မရွှေဥကျေးရွာအုပ်စုတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဉ်များ ကွင်းဆင်းဆောင်ရွက်ရာတွင်လည်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မဲဆန္ဒရှင်ပြည်သူများအား MEVM စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဉ်ကို ရှင်းလင်းပြောကြားခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် တစ်ဦးချင်းစမ်းသပ်မဲ‌ပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထန်းတပင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာလ(၉)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုတို့တွင်လည်း ဆက်လက်အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ဇင်မင်းထိုက် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)