နွားထိုးကြီးမြို့နယ်အတွင်း နယ်မြေရှင်းလင်းရာ PDF အကြမ်းဖက်သမား ၁၅လောင်း ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွားထိုးကြီးမြို့နယ်အတွင်း နယ်မြေရှင်းလင်းရာ PDF အကြမ်းဖက်သမား ၁၅လောင်း ရရှိ







နွားထိုးကြီး၊ စက်တင်ဘာ ၃၀

ဒေသခံပြည်သူများ၏ သတင်းပေးချက်အရ နွားထိုးကြီးမြို့နယ်၊ သူဌေးကုန်းရွာအနီးဝန်းကျင်အား တပ်မတော်/ရဲတပ်ဖွဲဝင်များပါဝင်သည့် နယ်မြေရှင်းစစ်ကြောင်းများက စက် ၂၉ ရက် ညနေပိုင်းအချိန် ဝိုင်းပတ်ပိတ်ဆို သွားရောက်ရှင်းလင်းရာ အကြမ်းဖက်အဖွဲများနှင့် ထိတွေ့မှု(၅)ကြိမ်ခန့်ဖြစ်ပွား စက် ၃၀ ရက် မနက်ပိုင်းအချိန်တွင် အကြမ်းဖက်စခန်းအား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

နယ်မြေရှင်းလင်းစဉ်အတွင်း ရဲတပ်ဖွဲဝင် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိပြီး PDF အကြမ်းဖက်သမား ၁၅ လောင်း၊ လက်နက်မျိုးစုံ ၁၂ လက်၊ ကျည်အိမ်/ကျည်ဆန်/မိုင်းများ၊ ပစ်ကျင်း/ဘန်ကာများ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)