၂၀၂၅ ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်တွင် ယူနန်သဘောတူညီချက် ထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၅ ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်တွင် ယူနန်သဘောတူညီချက် ထုတ်ပြန်


ကူမင်း၊ စက်တင်ဘာ ၉ 

၂၀၂၅ ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်ကို စက်တင်ဘာ ၅ ရက်မှ ၉ ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ကျင်းပလျက်ရှိသည်။ စက်တင်ဘာ ၆ ရက်တွင် ကျင်းပသည့် ဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ “ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ် ယူနန်သဘောတူညီချက်” အား ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများသည် ကာလကြာရှည်စွာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား ကာကွယ်မှုကို လက်ကိုင်ထားပြီး နိုင်ငံတကာအသိုက်အဝန်း၏ မရှိမဖြစ် အပြုသဘောအင်အားတစ်ခု ပိုမိုဖြစ်လာနေကြောင်း သဘောတူညီချက်က ထောက်ပြထားသည်။

ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများမှ မီဒီယာနှင့် Think Tank များသည် ပေါင်းကူးတံတားနှင့် ချိတ်ဆက်မှု အခန်းကဏ္ဍမှ အပြည့်အဝပါဝင်၍ သဘောတူညီချက်များ ကျယ်ကျယ်ပြန့်ပြန့် စုစည်းကာ တရားမျှတမှုအသံများ ထုတ်ဖော်ပြောကြားခြင်းဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအတွင်း ကိုယ်စားပြုနိုင်မှုနှင့် ပြောဆိုခွင့်အား မြှင့်တင်ရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်မှုအား တွန်းအားပေးရန်အတွက် ဉာဏ်ပညာနှင့် အင်အားများဖြင့် အကျိုးထမ်းဆောင်ရမည်ဖြစ်ကြောင်း သဘောတူညီချက်တွင် ဖော်ပြထားသည်။

စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု မူဝါဒအား ကာကွယ်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအား ပြီးပြည့်စုံစေခြင်းသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ဘုံအကျိုးစီးပွားနှင့်ကိုက်ညီကြောင်း သဘောတူညီချက်က အလေးထား ဖော်ပြထားသည်။

ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် Think Tank များအနေဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံး ဘုံစံတန်ဖိုးအား မြှင့်တင်၍ အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအမြင်အား အဆိုပြုရမည်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှု လိုလား၍ ပြိုကွဲမှု မလိုလားသော၊ ပူးပေါင်းဆောင်ရွက်မှု လိုလား၍ အတိုက်အခံပြုလုပ်မှု မလိုလားသော၊ တရားမျှတမှု လိုလား၍ ဗိုလ်ကျအနိုင်ကျင့်မှု မလိုလားသော ခေတ်၏အားကောင်းသောအသံများကို ကျယ်လောင်စွာ ထုတ်ဖော်ပြောဆို၍ နိုင်ငံတကာ စည်းစနစ်အား ပိုမိုတရားမျှတ၍ သဘောထားလျော်ကန်သော ဦးတည်ချက်သို့ ဖွံ့ဖြိုးတိုးတက်လာစေရန် အတူလက်တွဲ တွန်းအားပေးရမည်ဖြစ်ကြောင်း သဘောတူညီချက်က ဆိုထားသည်။

ခေတ်မီအသွင်ပြောင်းမှု ဖော်ဆောင်ခြင်းသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ဘုံရည်မှန်းချက်ဖြစ်ကြောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများမှ မီဒီယာနှင့် Think Tank များအနေဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ စက်မှုလုပ်ငန်းအသွင်ပြောင်းရေး၊ စိုက်ပျိုးရေးလုပ်ငန်း ခေတ်မီအသွင်ပြောင်းရေး၊ အစိမ်းရောင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု စသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ စီးပွားရေး ပေါင်းစပ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုအား ပူးတွဲဖော်ဆောင်မှု၊ ရလဒ်များ အတူမျှဝေမှု၏ သက်ဝင်လှုပ်ရှားသော အကြောင်းအရာများအား ကောင်းမွန်စွာ တင်ဆက်ကာ နိုင်ငံအသီးသီး ဖွံ့ဖြိုးတိုးတက် သာယာဝပြောမှုကို အားဖြည့်ပြီး ခေတ်မီအသွင်ပြောင်းမှုလမ်းကို အတူလက်တွဲ ချီတက်ရမည်ဖြစ်ကြောင်း သဘောတူညီချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများမှ မီဒီယာနှင့် Think Tank များအနေဖြင့် ယဉ်ကျေးမှုအမျိုးစုံလင်မှုအား အတူတကွ အဆိုပြု၍ လေးစားသင့်ပြီး ယဉ်ကျေးမှု ရှေ့ဆက်တည်ရှိရန်၊ ယဉ်ကျေးမှုဖြန့်ချိရန်၊ ကူးလူးဖလှယ်မှု မြှင့်တင်ရန် အရေးကြီးတာဝန်အား ပိုမိုကောင်းမွန်စွာထမ်းဆောင်သင့်ကြောင်း၊ “ကမ္ဘာ့အမွေအနှစ်ခရီးစဉ်” စသည့် လှုပ်ရှားမှုအစီအစဉ်များ ဖော်ဆောင်မှုကို ထောက်ခံအားပေး၍ မတူညီသောယဉ်ကျေးမှုများ အားလုံးပါဝင်မှုနှင့် အတူတည်ရှိမှုကို တွန်းအားပေးကာ နိုင်ငံအသီးသီးပြည်သူများ အပြန်အလှန် နားလည်သိရှိရင်းနှီးရန် မြှင့်တင်ရမည်ဖြစ်ကြောင်း သဘောတူညီချက်က ဆိုထားသည်။

ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများမှ မီဒီယာနှင့် Think Tank များသည် ခေတ်သစ် သတင်းအချက်အလက် နည်းပညာအား ကောင်းမွန်စွာအသုံးပြု၍ လူသားနှင့် နည်းပညာ အပြန်အလှန်မြှင့်တင် အပြန်အလှန် တိုးတက်သော ဖွံ့ဖြိုးတိုးတက်မှုပုံစံကို တည်ဆောက်ပြီး ဖြန့်ချိမှုပုံစံ ပြုပြင်ပြောင်းလဲမှုအား တွန်းအားပေးကာ ကမ္ဘာ့စမတ်နည်းပညာ ကွာဟမှု လျှော့ချရေးအတွက် အကျိုးထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် သတင်းစာနယ်ဇင်းကျင့်ဝတ်နှင့် ကျွမ်းကျင်စံနှုန်းအား ခိုင်မြဲစွာစောင့်ထိန်း၍ ပရိသတ်များထံသို့ စစ်မှန်သော၊ ဓမ္မဓိဋ္ဌာန်ကျသော၊ ဘက်စုံဖြစ်သော၊ တရားမျှတမှုရှိသော သတင်းအချက်အလက်များအား ဖြန့်ချိကာ မီဒီယာ ဆန်းသစ်တီထွင် ဖွံ့ဖြိုးတိုးတက်သော စမတ်အနာဂတ်ဆီသို့ အတူလျှောက်လှမ်းသွားရမည်ဖြစ်ကြောင်း သဘောတူညီချက်တွင် ဖော်ပြထားသည်။

ယခုအကြိမ်ဖိုရမ်သည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများမှ မီဒီယာနှင့် Think Tank များ၏ သဘောတူညီချက်များကို တစ်ဆင့်တိုးစုစည်းရန် မြှင့်တင်ပေးပြီး လူပုဂ္ဂိုလ်မွမ်းမံလေ့ကျင့်ပေးမှု၊ ပူးတွဲတွေ့ဆုံမေးမြန်းမှု၊ ဉာဏ်ရည်တု လက်တွေ့အသုံးပြုမှု စသည့်ကဏ္ဍများတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစွာ လုပ်ဆောင်ကာ “တောင်ဘက်ခြမ်းအသံများ” အတူတကွ ကျယ်လောင်စွာ ထုတ်ဖော်ပြောကြား၍ “တောင်ဘက်ခြမ်း တာဝန်သိမှု” အား ဖော်ပြသွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်းအား ငြိမ်းချမ်းရေး ကာကွယ်ထိန်းသိမ်းသည့် တည်ငြိမ်မှုအင်အား၊ တံခါးဖွင့် ဖွံ့ဖြိုးတိုးတက်သည့် ခိုင်မြဲသောအင်အား၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု၏ အပြုသဘောဆောင်သောအင်အား၊ ယဉ်ကျေးမှု အပြန်အလှန် လေ့လာသင်ယူမှု၏ မြှင့်တင်မှုအင်အား ဖြစ်လာအောင် တွန်းအားပေးရမည်ဖြစ်ကြောင်း ဖိုရမ်တက်ရောက်လာသော ကိုယ်စားလှယ်များက တစ်ပြေးညီ ပြောကြားကြသည်။

ယခုအကြိမ်ဖိုရမ်ကို ဆင်ဟွာသတင်းဌာန၊ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ကော်မတီ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့မှ အတူတကွ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ နိုင်ငံနှင့်ဒေသ ၁၁၀ မှ မီဒီယာ၊ Think Tank ၊ အစိုးရအဖွဲ့အစည်းနှင့် နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်း ၂၆၀ ၏ ကိုယ်စားလှယ်ပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)