ဗြိတိန်လူမိုက်ဂိုဏ်းတစ်ခုကနေ ခိုးထားတဲ့ဖုန်း အလုံးရေ ထောင်နဲ့ချီသိမ်းဆည်ရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗြိတိန်လူမိုက်ဂိုဏ်းတစ်ခုကနေ ခိုးထားတဲ့ဖုန်း အလုံးရေ ထောင်နဲ့ချီသိမ်းဆည်ရမိ


အောက်တိုဘာ - ၈ ( ဗုဒ္ဓဟူးနေ့ ) 

ဗြိတိန် မြို့တော် လန်ဒန် ရဲတပ်ဖွဲ့က နိုင်ငံတကာမှောင်ခိုဂိုဏ်းတစ်ခုကို ဖြိုခွင်းပြီး ထောင်ပေါင်းများစွာသော ခိုးယူထားတဲ့ ဆဲလ်ဖုန်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့သည် ပြီးခဲ့သောနှစ်အတွင်း ဗြိတိန်မှ တရုတ်နိုင်ငံသို့ ဖုန်းအလုံးရေ ၄၀,၀၀၀ ခိုးသွင်းခဲ့တယ်လို့ သံသယရှိတဲ့ အဓိကရာဇ၀တ်မှု ကွန်ရက်ကို ဖြိုခွင်းခဲ့ပါတယ်။ သူတို့ဆီကနေ သိမ်းဆည်းရမိတဲ့ ဖုန်းတွေက လန်ဒန်တွင် ခိုးယူခံရတဲ့ ဖုန်းအားလုံးရဲ့ ၄၀ % အထိဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စုံစမ်းစစ်ဆေးမှုကို တစ်နှစ်နီးပါးကြာအောင် လုပ်ခဲ့ပါတယ်။ 

လုယက်မှု နှင့် ခါးပိုက်နှိုက်မှု အပါအဝင် လူ ၁၈ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ခိုးယူခံရသော ဖုန်းအလုံးရေ ၂၀၀၀ ကျော်ကို တွေ့ရှိခဲ့ကြောင်းသိရပါတယ်။ လန်ဒန်မှာ ခိုးယူထားတဲ့ ဖုန်းတစ်ဝက်လောက်ကို တင်ပို့ရာမှာ ဒီဂိုဏ်းက တာဝန်ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အခိုးခံရတဲ့ ဖုန်းတွေကို ခြေရာခံမိပြီးနောက် စီးနင်းမှုတွေကို လုပ်ခဲ့တာပါ။ 

ခိုးယူခံရတဲ့ ဖုန်းအများစုကို ဟောင်ကောင်သို့ တင်ပို့ထားကြောင်း ရဲများက တွေ့ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့က လူနှစ်ဦးကို ဖော်ထုတ်ရန် မှုခင်းဆေးပညာကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)