ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ




ဓနုဖြူ    ၊ အောက်တိုဘာ ၁၇


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပခဲ့သည်။


အဆိုပါပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-5 မှ Grade-9 အထိ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား(၂၆)ဦး၊ ကျောင်းသူ(၆၀)ဦး စုစုပေါင်း(၈၆)ဦးက မဲစနစ်ဖြင့် ကျရာခေါင်းစဥ်များအား ဝင်ရောက်ယှဥ်ပြိုင်ပြီး၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား(၃၆)ဦး၊ ကျောင်းသူ(၇၁)ဦး စုစုပေါင်း(၁၀၇)ဦးတို့သည် အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ နှစ်ရက်တာဖြေဆိုယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


အောင်ပြည့်ဖြိုးဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)