ပေါင်မြို့နယ်၌ မဲစာရင်းကပ်ထားသည့်‌နေရာများအား တာဝန်ရှိသူများမှ လိုက်လံကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ မဲစာရင်းကပ်ထားသည့်‌နေရာများအား တာဝန်ရှိသူများမှ လိုက်လံကွင်းဆင်းစစ်ဆေး




ပေါင်၊ အောက်တိုဘာ ၁၃

မွန်ပြည်နယ်၊‌ပေါင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မဲစာရင်းများ ကပ်ထားသည့်နေရာများကို ယနေ့ မွန်းလွဲပိုင်းက သတ်မှတ်ရပ်ကွက်/ကျေးရွာများသို့ တာဝန်ရှိသူများ မှ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထင်လင်း‌အောင်နှင့် အဖွဲ့ဝင်များသည် သတ်မှတ်ရပ်ကွက်/ကျေးရွာများအလိုက် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး မဲစာရင်းများအား သတ်မှတ်ရက်များအတွင်း ကပ်ထားနိုင်ရေး၊ မဲစာရင်းတွင်မပါဝင်သူများအား ပုံစံ(၃)ဖြင့် လျှောက်ထားနိုင်‌ရေး၊ မပါဝင်သင့်သူများပါဝင် နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် နေရပ်စွန့်ခွာပြည်သူများ ဆန္ဒမဲပေးနိုင်ရေး အခြေ အနေများကို စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ် အနေဖြင့်မြို့‌ပေါ်ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စုများတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေ စုစုပေါင်း (  ၁၀၇၀၄၉)ဦး ရှိပြီး လျာထားမဲရုံပေါင်း (၉၀)ရုံရှိကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)