အောက်တိုဘာ - ၁၄ ( အင်္ဂါနေ့ )
ဥရောပသမဂ္ဂ(အီးယူ)ရဲ့ စီးပွားရေးနှင့် နည်းပညာလုံခြုံရေးအတွက် အန္တရာယ်ကို အကြောင်းပြပြီး နယ်သာလန် အခြေစိုက် တရုတ်ပိုင် ချစ်ပ်ထုတ်လုပ်တဲ့ ကုမ္ပဏီကို နယ်သာလန်အစိုးရက ပြည်သူပိုင်သိမ်းလိုက်ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး အသိမ်းခံလိုက်ရတဲ့ ကုမ္ပဏီက အဆိုပါ လှုပ်ရှားမှုကို “အလွန်အကျွံ” လုပ်တယ်လို့ ပြောလိုက်ပြီး သူတို့အနေနဲ့ သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းများအားလုံးကို လိုက်နာခဲ့ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။
နယ်သာလန် စီးပွားရေး ဝန်ကြီးဌာနက တရုတ်နိုင်ငံမှ Wingtech နည်းပညာ ပိုင်ဆိုင်သည့် ထုတ်လုပ်သူ နက်စ်ပီရီးယား ကို သိမ်းဖို့အတွက် ယခင်က အသုံးမပြုဖူးသော အရေးပေါ် ဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း တနင်္ဂနွေနေ့ နှောင်းပိုင်းတွင် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒတ်ခ်ျအီလက်ထရွန်နစ်ပစ္စည်းအုပ်စု Philips ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့ နက်စ်ပီရီးယား က မော်တော်ယာဥ်၊ လူသုံးလျှပ်စစ်ပစ္စည်း နဲ့ အခြားစက်မှု လုပ်ငန်းများတွင် အသုံးပြုတဲ့ မိုက်ခရို ချစ်ပ်များထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။
နက်စ်ပီရီးယားရဲ့ချစ်ပ်များက "ဒတ်ခ်ျနှင့် ဥရောပစီးပွားရေး လုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက်ကြောင့်" အရေးပေါ်အခြေအနေတွင် ခြိမ်းခြောက်မှု တစ်ခုဖြစ်လာနိုင်ခြေရှိတဲ့ အတွက် အခြေအနေတစ်ခုကို တားဆီးလိုတယ်လို့ အမ်စတာဒမ်အစိုးရကပြောကြားခဲ့ပါတယ်။ Wingtech ရှယ်ယာများသည် တနင်္လာနေ့က ရှန်ဟိုင်းစတော့ဈေးကွက်မှာ ၁၀ % ကျဆင်းသွားပြီး စတော့ဝယ်လိုအား ရပ်တန့်သွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment