အောက်တိုဘာ - ၁၃ ( တနင်္လာနေ့ )
အာဖဂန်နိုင်ငံခြားရေးဝန်ကြီး အေမာခန်မွတ်တာကီ က အိန္ဒိယနိုင်ငံ နဲ့ ပြန်လည်ထူထောင်ထားတဲ့ ဆက်ဆံရေး ကို အလေးပေးပြီး လုပ်နေကြောင်း နဲ့ တိုင်းပြည်ရဲ့ အချုပ်အခြာ နယ်မြေအားလုံးကို အခြားဘယ်သူ့ကိုမှ အသုံးပြုခွင့်မပြုနိုင်ကြောင်း ကြေငြာခဲ့ပါတယ်။
၂၀၂၁ ဩဂုတ်လမှာ တာလီဘန်တွေ အာဏာရလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ သောကြာနေ့က တာလီဘန်တွေရဲ့ ဝန်ကြီးအဆင့်အလည်အပတ်အဖြစ် အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာခဲ့တဲ့ မွတ်တာကီ က အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဂျေရှန်ကာ နဲ့ နယူးဒေလီတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး သံတမန်ဆက်ဆံရေး အပြည့်အဝ ပြန်လည်ထူထောင်ရန် နှစ်ဖက်သဘောတူခဲ့ကြပါတယ်။
“ကျနော်တို့ဆီမှာ အမေရိကန်တွေရဲ့ သိမ်းပိုက်မှုကြောင့် တိုင်းပြည်ထဲမှာ အတက်အကျတွေ အများကြီး ရှိခဲ့ပါတယ် ။ ဒါမျိုးတွေကို အိန္ဒိယက ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။ ကျနော်တို့က အိန္ဒိယနဲ့ ဆက်ဆံရေးကောင်း တစ်ခုရှိဖို့ ကို အမြဲတန်ဖိုးထားပါတယ်။ ကျနော်တို့ နိုင်ငံထဲကို နိုင်ငံခြားက စစ်တပ်တွေ လာရောက်အခြေချတာတွေ ခြိမ်ခြောက်တာတွေကို လုပ်ခွင့်ပြုမှာ မဟုတ်ဘူး” လို့ မွတ်တာကီက ပြောသွားပါတယ်။ မွတ်တာကီ က အာဖဂန်နစ္စတန် နဲ့ အိန္ဒိယတို့ရဲ့ ကုန်သွယ်ရေး တံခါးပေါက်လို့ ယူဆတဲ့ အီရန်နိုင်ငံရဲ့ ချာဘာဟာ ဆိပ်ကမ်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကိုလည်း လုပ်ခဲ့ပါတယ်။ ချာဘာဟာဆိပ်ကမ်းကို အိန္ဒိယဘက်က အကြီးစားပြင်ဆင်မှုတွေ လုပ်ပေးနေပါတယ်။ အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်က အိန္ဒိယကို မကျေမနပ်တွေဖြစ်နေတာလည်း ရှိပါတယ်။
မွတ်တာကီက အိန္ဒိယမှာ အောက်တိုဘာလ ၁၆ ရက်နေ့ထိ နေထိုင်ပြီး ၂ နိုင်ငံဆက်ဆံရေး ဆိုင်ရာလုပ်ငန်းတွေကို ဆွေးနွေးပြီး သဘောတူ စာချုပ်တွေကို ရေထိုးဖို့လုပ်နေပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment