အောက်တိုဘာ - ၂၆ ( တနင်္ဂနွေနေ့ )
အပစ်အခတ်ရပ်စဲရေး နဲ့ လုံခြုံရေးအာမခံချက် တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်နှစ်အစောပိုင်းတွင် ပြင်သစ်နိုင်ငံအနေနဲ့ ၎င်းရဲ့ တပ်ဖွဲ့ဝင်များကို ယူကရိန်းကို စေလွှတ်ရန် အသင့်ရှိကြောင်း ပြင်သစ် စစ်ဦးစီးချုပ် ဖျဲစချေး ကပြောလိုက်ပါတယ်။
ကြာသပတေးနေ့က အမျိုးသားလွှတ်တော် ကာကွယ်ရေးကော်မတီရှေ့မှောက်တွင် ပြောကြားရာတွင် စချေး က လာမည့်နှစ်တွင် ပြင်သစ်ဦးဆောင်သော အော်ရီယွန် ၂၆ က အကြီးစားစစ်ရေးလေ့ကျင့်ခန်းကို ရည်ညွှန်းပြီး နေတိုးတပ်ဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ပြီး စမ်းသပ်မယ်လို့ ဆိုပါတယ်။
"လိုအပ်ပါက ယူကရိန်းအကျိုးအတွက် လုံခြုံရေးအာမခံချက်ဘောင်အတွင်း တပ်ဖွဲ့ဝင်များ ဖြန့်ကျက်ချထားရန် အဆင်သင့်ဖြစ်နေပါပြီ" လို့ စချေးက လွှတ်တော်အမတ်များအား ပြောကြားခဲ့ပါတယ်။ ပြင်သစ်စစ်တပ်အနေနဲ့ ယူကရိန်းသို့ တပ်ဖြန့်မှုအပါအ၀င် သတိပေးချက်သုံးခုကို တစ်ပြိုင်နက်တည်း တုံ့ပြန်နိုင်စွမ်းရှိကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ ပြင်သစ်သည် လက်ရှိတွင် ပြည်တွင်းမစ်ရှင်များ သို့မဟုတ် နေတိုးကတိကဝတ်များ အတွက် ငါးရက်အတွင်း စုဆောင်းနိုင်တဲ့ စစ်သားဦးရေက ၇၀၀၀ ကျော်ရှိပြီး "နိုင်ငံတော် အရေးပေါ်အဆင့်" ခေါ်စရာမလိုသေးဘူးလို့လည်း ဆိုပါတယ်။
ပြင်သစ်စစ်တပ်သည် လာမည့်နှစ်အနည်းငယ်အတွင်း ဖြစ်နိုင်ဖို့ အလားအလာရှိတဲ့ ရုရှားနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ကို အဆင်သင့်ဖြစ်နေရမယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဖေဘီယံ မန်ဒွန် က ပြောကြားပြီး တစ်ရက်အကြာတွင် အဆိုပါ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ပြီးခဲ့သောလတွင် ဝေါလ်စထရိဂျာနယ်က အီးယူစစ်တပ် အကြီးအကဲများက ယူကရိန်းအတွက် "လုံခြုံရေးအာမခံချက်" ပေးနိုင်မယ့် အစီအစဉ်ကို ရေးဆွဲနေကြောင်း ဖော်ပြခဲ့ပါတယ်။ အဲ့ဒါကတော့ ရုရှား - ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီချက် ရပြီးပြီဆိုတာနဲ့ ယူကရိန်းတပ်ဖွဲ့များကို လေ့ကျင့်ပေးဖို့အတွက် တပ်ဖွဲ့ဝင် ၁၀,၀၀၀ ခန့်စေလွှတ်နိုင်မယ်လို့ မျှော်မှန်းထားကြပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment