မြစ်ကြီးနား၊ အောက်တိုဘာ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်မှစ၍ ကချင်ပြည်နယ်ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သော ဦးခက်ထိန်နန်သည် လာမည့် ၂၀၂၅၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်လွှတ်တော်အတွက် ဝင်ရောက်ရွေးချယ်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်လွှတ်တော် FPTP မြစ်ကြီးနားမဲဆန္ဒနယ်မှ ဝင်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများစာရင်းတွင် ပြည်ခိုင်ဖြိုးပါတီ မှ ဦးခက်ထိန်နန်၊ တစည ပါတီမှ ဒေါ်ခင်ခင်သော်၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ဦးဂေါ်လူနော်တင်၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးစိုးလင်းထွန်း၊ ဦးထွန်းအောင်ကျော် (တစ်သီးပုဂ္ဂလ)၊ ဦးယဉ်ထန်ဖုန် (တစ်သီးပုဂ္ဂလ) တို့ ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment