အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်းကောက်ယူနိုင်‌ရေး ကြိုတင်ရှင်းလင်းပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်းကောက်ယူနိုင်‌ရေး ကြိုတင်ရှင်းလင်းပွဲအခမ်းအနား ကျင်းပ



တောင်ကြီး   ၊ အောက်တိုဘာ ၂၃


ရှမ်းပြည်နယ်(တောင်ကြီး)၊ ရှမ်းပြည်နယ် အသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်းကောက်ယူရေးလုပ်ငန်းအဖွဲ့၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု)စစ်တမ်း ကောက်ယူနိုင်‌ရေး ကြိုတင်ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အေးသာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အမှာစကားပြောကြားရာ အသေးစားအငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု)စစ်တမ်း(၂၀၂၄)ကို ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း‌ဒေသကြီး၊ ရန်ကုန်တိုင်း‌ဒေသကြီး၊ ဧရာဝတီတိုင်း‌ဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့တွင် ကောက်ယူခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ကောက်ယူမည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား၊ စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု)စစ်တမ်း(၂၀၂၅)ကို တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် ပင်းတယမြို့နယ်တို့တွင် အောက်တိုဘာလ ၂၂ ရက်နေ့မှ နိုဝင်ဘာလ ၁၄ ရက်နေ့အတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းပေါင်း ၄၂၀ ခုကို စစ်တမ်းကြီးကြပ်ရေးမှူး ၃ ဦးနှင့် စာရင်းကောက် ၁၀ ဦးတို့ဖြင့် မြို့နယ် ၃ မြို့နယ်တွင် အဖွဲ့များခွဲ၍ ကောက်ယူသွားမှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား၊ စီးပွားရေးလုပ်ငန်း(ကုန်ထုတ်လုပ်မှု)စစ်တမ်းမှ ရရှိလာမည့် အချက်အလက်များသည် မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်း၏ ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးစေရန် အလွန်အရေးပါသည့်အတွက် ကောက်ယူသည့်စာရင်းများ အရည်အသွေးပြည့်ဝစေရန်၊ မှန်ကန်ရန် လိုအပ်သည့်အတွက် သက်ဆိုင်သူအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်ဝသည့် စာရင်းများရရှိမှသာ ထိရောက်သည့် MSME ဖွံ့ဖြိုးရေးမူဝါဒကို ချမှတ်နိုင်မည်ဖြစ်ပြီး စီးပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ရှမ်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား၊ စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု)စစ်တမ်း ကောက်ယူရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ပြည်နယ်တာဝန်ခံ ဒေါ်သင်းရွှေစင်က စစ်တမ်းကောက်ယူသည့်အကြောင်းအရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။ တက်ရောက်လာကြသည့် ဌာနနဆိုင်ရာများနှင့် လုပ်ငန်းရှင်များက သိရှိလိုသည့်များကို မေးမြန်းဆွေးနွေးခဲ့ရာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူတို့က ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရသည်။


စိုင်းသန်းကျော် (တောင်ကြီး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)