ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းများစာရင်း ထုတ်ပြန်ကြေညာထားရာမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ဆဲ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးမြထွန်းဦး ပါဝင်ပါတယ်။
ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ယှဉ်ပြိုင်ကြမည့်သူများကတော့ ကျားဖြူပါတီ မှ ဦးမိုးဝေယံဦး၊ ပြည်ခိုင်ဖြိုးပါတီ မှ ဦးမြထွန်းဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးမြင့်သူ၊ ပြည်သူ့ရှေ့ဆောင်ပါတီ မှ ဒေါ်ယဉ်ယဉ်နွဲ့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးဝင်းမြင့်၊ ပြည်သူ့ပါတီမှ ဦးအေးချမ်းကျော် တို့ (၆)ဦး ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။
ဦးမြထွန်းဦး အကြောင်း လေ့လာကြည့်မယ်ဆိုရင် တပ်မတော်မှာ အဆင့်မြင့်ရာထူးတာဝန် အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ မှတ်တမ်းများအရတော့ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးတွင် စစ်ဦးစီးမှူး(ပထမတန်း)တာဝန်ကို ထမ်းဆောင်ခဲ့ဖူးပါတယ်။ အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်များကို ထမ်းဆောင်ခဲ့ဖူးပါတယ်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)တွင် စစ်ဦးစီးအရာရှိချုပ်(ကြည်း)တာဝန်ကို ထမ်းဆောင်ခဲ့ပြီး စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် နှင့် အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း/ ရေ / လေ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း တွေ့ရှိရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီ က မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့ခြင်းကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူလိုက်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ နောက်ပိုင်း ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရာ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ အစိုးရအဖွဲ့တွင် ၎င်းအပါအဝင် ဒုတိယဝန်ကြီးချုပ် (၅)ဦးရှိလာခဲ့ပါတယ်။ ၂၀၂၃ ဩဂုတ် ၃ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်မှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ကို ထမ်းဆောင်ခဲ့သူပါ။
၂၀၂၃ စက်တင်ဘာ ၁၈ ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း တာဝန်ယူခဲ့သော မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ တာဝန်များအား လွဲပြောင်းကာ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ ၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး အဖြစ် ဆက်လက် တာဝန်ယူဆောင်ရွက်နေပါတယ်။ ထိုသို့ ခန့်ထားသည့်နေ့မှာပင် ဗိုလ်ချုပ်ကြီး ရာထူးမှနေ၍ အငြိမ်းစားယူခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးမြထွန်းဦး အနေနဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန်ကို ထမ်းဆောင်နေစဉ်အတွင်းမှာ ယခင်အစိုးရလက်ထက်က ရပ်ဆိုင်းခဲ့တဲ့ ရထားလမ်းစီမံကိန်းတွေကို ပြန်လည်ဖောင်ဆောင်ခဲ့သလို ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို အဆင့်မြှင့်တင်ခဲ့တာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
တပ်မတော်မှ အငြိမ်းစားယူပြီးဖြစ်တဲ့အတွက် လာမယ့် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ပြည်သူ့ဆန္ဒခံယူသွားမယ့် ကိုယ်စားလှယ်လောင်းတစ်ဦးပဲ ဖြစ်ပါတယ်။
ပြည်သူများအနေနဲ့က လာမယ့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ်များအနက်က မိမိတို့ ရပ်ရွာဒေသအကျိုး၊ တိုင်းပြည်အကျိုးကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နိုင်မယ့် ပုဂ္ဂိုလ်များကို စိစစ်ရွေးချယ်သွားကြဖို့ပဲ ဖြစ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost



No comments:
Post a Comment