ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲပြုလုပ်




ဟင်္သာတ၊ အောက်တိုဘာ  ၁၈

ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတခရိုင် ၊ဟင်္သာတမြို့နယ်တွင်  ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး စံကွက်ရိတ်သိမ်းပွဲကို အောက်တိုဘာ ၁၈ ရက်နေ့က ဟင်္သာတမြို့နယ် တောင်ကလုံကျေးရွာအုပ်စု ၊လက်ပံကုန်းကျေးရွာ ကွင်းအမှတ် (၁၅၉၂)၊ဦးပိုင်အမှတ်( ၇၆/၂)၊ တောင်သူ ဒေါ်ညိုညိုဆန်း၏ လယ်မြေ ၁၀ ဧကတွင် ပြုလုပ်ခဲ့သည်။

မိုးစပါး စံကွက်ရိတ်သိမ်းပွဲသို့ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီ ဥက္ကဋ္ဌ ၊ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ အတွင်းရေးမှူး ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ အတွင်းရေးမှူး ဦးစောဝင်းရွှေနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင်/ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ (၆၀)ဦး တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ မိုးစပါးစံကွက် ရိတ်သိမ်းမှုတွင် တောင်ဂလုံကျေးရွာ အုပ်စု၊ လက်ပံကုန်းကျေးရွာရှိ ကွင်းအမှတ် (၁၅၉၂)၊ ဦးပိုင်အမှတ် (၇၆/၂)ရှိ တောင်သူ ဒေါ်ညိုညိုစန်း ပိုင်သော လယ်မြေ (၁၀)ဧက၌ စိုက်ပျိုးထားသည့် ရွှေဧရာစပါးမျိုး မိုးစပါးစံကွက်ရိတ်သိမ်းပွဲမှ တစ်ဧကလျှင် စပါးအစို (၁၁၇.၈)တင်းနှင့် စပါး အခြောက်(၁၀၉.၀၄)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)