ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ကမာ ကဆစ်ရပ်ကွက်တွင် နေထိုင်သူ ကျွန်မဒေါ်လှလှသည် မိခင် ဒေါ်စိန်မြိုင် ပိုင်ဆိုင်သည့် ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်ရှိ ကွင်းအမှတ်(၁၈၅) ဦးပိုင်အမှတ် (၂၁) ရှိ လယ်ဧက (၂၀)ခန့်ကို နိုင်ငံတော်အစိုးရမှ မြို့ပြစီမံကိန်းအတွက် သိမ်းဆည်းခဲ့ပြီး စီမံကိန်းဖော်ဆောင်ခြင်း မရှိဘဲ လစ်လပ်ကျန်ရှိနေသည့် မြေနေ ရာအား ပြန်လည်ရရှိရန် သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက် ညွှန်ကြားချက်များနှင့်အညီ တောင်းဆိုခဲ့ ပါသည်။
သိမ်းဆည်းခံ မြေဧရိယာများအနက်မှ မြို့ပြစီမံကိန်းအတွက် အသုံးပြုခြင်းမရှိဘဲ လစ်လပ်ကျန်ရှိနေသည့် မြေဧရိယာမှာ (၅)ဧက ခန့်ရှိပါသည်။ အဆိုပါ မြေနေရာအား မူလပိုင်ရှင်ထံ ပြန်လည်စွန့်လွှတ်ပေးနိုင်ရေး သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် စတင်၍ အသနားခံ တင်ပြခဲ့ရာမှ ၂၀၁၅ ရွေးကောက်ပွဲတွင် အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်ပြီး NLD ပါတီ အာဏာရသည့် အစိုးရသက်တမ်းအတွင်း ထပ်မံတင်ပြ တောင်းဆိုခဲ့ပါသည်။ ဒေါ်လှလှ ၏ တင်ပြမှုနှင့် စပ်လျဉ်း၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ ခေါ်ယူစစ် ဆေးခြင်း၊ မြေပြင်ကွင်းဆင်းစစ် ဆေးခြင်းများဆောင်ရွက်ပြီး ရန်ကုန်မြို့တော်စည်ပင်မှ တာဝန်ရှိသူတစ်ဦး က ခေါ်ယူတွေ့ ဆုံပြီး ပြန်လည်စွန့်လွှတ်ပေးလို့ မရကြောင်း စီမံကိန်းရှိကြောင်း ပြောဆိုရာမှ ပြန်လည် တင်ပြတောင်းခံမှုကို ရပ်ဆိုင်းခဲ့ပါသည်။
သို့သော်လည်း အဆိုပါမြေနေရာတွင် နိုင်ငံတော်စီမံကိန်းဆောင်ရွက်ခဲ့ခြင်း မရှိဘဲ မူလတောင်းခံသူကို ပြန်လည်ချထားပေးခြင်း မရှိသည့်အပြင် အခြားပုဂ္ဂိုလ်တစ်ဦးကို ပါမစ်ချထားပေးလိုက်ခြင်းကြောင့် မြေ ကွက်များ ကွက်စိပ်ရိုက်၍ ရောင်းချနေသည်ကို တွေ့မြင်ရပါသည်။ ထိုသို့သော အခြေအနေကို တွေ့မြင်ရ သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် နိုင်ငံတော်အကြီးအကဲများနှင့်တကွ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ မူလပိုင်ရှင်ထံ ပြန်လည်ချထားပေးနိုင်ရေး ထပ်မံ တင်ပြခဲ့ပါသည်။
ထိုသို့ တင်ပြခဲ့မှုနှင့် စပ်လျဉ်း၍ တွံ့တေးခရိုင်ရုံးမှ ခေါ်ယူစစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့ပါသည်။ ခေါ်ယူစစ်ဆေးမေးမြန်းရာတွင်လည်း နစ်နာသူကို ကုစားလိုခြင်းသဘောမျိုးမဟုတ်ဘဲ နိုင်ငံတော်က သိမ်းဆည်းထားပြီးဖြစ်၍ နိုင်ငံတော်က ကြိုက်သလို စီမံနိုင်ကြောင်း၊ ဒေါ်လှလှအား မဟုတ်မမှန် တင်ပြနေ သည့် သဘောမျိုးသက်ရောက်အောင် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့ခြင်းသည် ပြည်သူတစ်ဦး၏ ရပိုင်ခွင့်အပေါ် တာဝန်ရှိသူများကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိ နစ်နာဆုံးရှုံးစေလိုခြင်း သဘောမျိုးဖြစ်သဖြင့် အတိုက်အခံ ပြောဆိုခဲ့ရသည့် အခြေအနေများနှင့် ကြုံတွေ့ခဲ့ရပါသည်။ တွံ့တေးခရိုင်ရုံးမှ ခေါ်ယူစစ်မေးစဉ် ဒေါ်လှလှ က မြေကွက်ရိုက်ရောင်းချနေသည့် မြေပွဲစားများ၏ ဖုန်းနံပါတ်များကိုပါ စစ်ဆေးမေးမြန်းသူများ အား ပေးအပ်ခဲ့ပြီး မည်သူများက ရောင်းချနေသည်ကိုလည်း တာဝန်ရှိသူများ သိရှိပြီး ဖြစ်ပါသည်။
နိုင်ငံတော်အကြီးအကဲများအနေဖြင့် ပြည်သူများ၏ နစ်နာမှုများကို ကုစားရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားရှိခဲ့ပြီးဖြစ်သော်လည်း နိုင်ငံဝန်ထမ်းများအနေဖြင့် တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ကျော်လွန်၍ ပြည်သူများ၏ ရပိုင်ခွင့်ကို ဥပဒေလက်တစ်လုံးခြားလုပ်ကာ ရပိုင်ခွင့်ရှိသည့် ပြည်သူကို နစ်နာသည်ထက် နစ်နာအောင် ဂုပ်သွေးစုပ် အမြတ်ထုတ်သည့် လုပ်ရပ်များကို တားဆီးပေးမှသာ အစိုးရနှင့် ပြည်သူကြား
ခရိုင်ရုံးမှ စစ်ဆေးပြီးဖြစ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်အနေဖြင့် နစ်နာသူ မူလတောင်သူနှင့် အဆိုပါ မြေနေရာနှင့် ပတ်သက်၍ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်ခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်မှ တာဝန်ရှိသူများနှင့် နစ်နာသူ မူလတောင်သူ ဒေါ်လှလှတို့ အား ဖြောင့်မတ်မှန်ကန်စွာ စစ်ဆေးပြီး အလွဲသုံးစား လုပ်ထားလျင် လုပ်ထားသည့်အလျှောက်၊ မမှန်မကန် တင်ပြလျှင် တင်ပြသည့်အလျှောက် ဥပဒေစိုးမိုးရေးနှင့် အမှန်တရားပေါ်ပေါက်ရေးကို ရှေးရှု၍ အမြန်ဆုံး ပြီးပြတ်အောင် စစ်ဆေးဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost





No comments:
Post a Comment