ဓားစာခံတွေ အားလုံး ပြန်လွှတ်ပေးဖို့အဆင်သင့်ပါပဲ လို့ ဟားမတ်စ်တွေပြောပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓားစာခံတွေ အားလုံး ပြန်လွှတ်ပေးဖို့အဆင်သင့်ပါပဲ လို့ ဟားမတ်စ်တွေပြောပြီ


အောက်တိုဘာ - ၄ ( စနေနေ့ ) 

ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်က အစ္စရေး ဓားစာခံ အားလုံးကို ပြန်လွှတ်ပေးဖို့ရာကို လွှဲပြောင်း ပေးရမယ့် အသေးစိတ် အချက်အလက်တွေကို ညှိနှိုင်းဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ ဂါဇာကမ်းမြောင် ဒေသကို လွတ်လပ်သော ပါလက်စတိုင်းအဖွဲ့ထံ လွှဲပြောင်းပေးအပ်ရန် အဆင်သင့်ရှိကြောင်းကိုလည်း အဆိုပါအဖွဲ့မှ ထပ်လောင်းပြောကြားခဲ့ပါတယ်။  

အမေရိကန်သမ္မတ ဒေါနယ်ထရမ့် က ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်ဖော်ပြသခဲ့တဲ့ အချက် ၂၀ ပါ အစီအစဉ်ကို စေ့စေ့စပ်စပ် လေ့လာပြီးနောက် အခုဆုံးဖြတ်ချက်ကိုချခဲ့ကြောင်း ဟားမတ်စ်အဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့ပါတယ်။ အဆိုပါ အစီအစဉ်တွင် အစ္စရေးနှင့် စစ်သွေးကြွအဖွဲ့တို့အကြား ချက်ချင်း အပစ်အခတ် ရပ်စဲရေး၊ ဓားစာခံများ အကျဉ်းသားများ လဲလှယ်ရေး၊ နယ်မြေတွင်းမှ အစ္စရေး နုတ်ထွက်ရေး၊ အသွင်ကူးပြောင်းရေးကာလ နိုင်ငံတကာ အုပ်ချုပ်ရေး ထူထောင်ရေးတို့ကို တောင်းဆိုထားပါတယ်။ 

ဟားမတ်စ်အဖွဲ့က သမ္မတ ထရမ့် ရဲ့ အဆိုပြုချက်တွင် ပါရှိတဲ့ လဲလှယ်ဖော်မြူလာအရ အသက်ရှင်လျက် သော်လည်ကောင်း  သေဆုံးပြီးသား သော်လည်ကောင်း အကျဉ်းသားအားလုံးကို လွှတ်ပေးရန် အဖွဲ့ရဲ့ သဘောတူညီချက်ကို တရားဝင်ကြေငြာခဲ့ပါတယ်။ 

“လက်ရှိကတော့ အသေးစိတ်အချက်အလက်များကို ဆွေးနွေးရန် စေ့စပ်ညှိနှိုင်းရေးမှူးများမှတစ်ဆင့် ချက်ခြင်းဝင်ရောက်ရန် အဆင်သင့်ရှိကြောင်း အတည်ပြုပါတယ်” လို့ ဟားမတ်စ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ 

ဂါဇာကမ်းမြောင်ဒေသ၏ အုပ်ချုပ်ရေးကို “ပါလက်စတိုင်း လွတ်လပ်သောအဖွဲ့” သို့ လွှဲပြောင်းရန် အဆင်သင့် ဖြစ်နေပြီလို့လည်း ပြောပါတယ်။ "အုပ်ချုပ်ရေး" အဖွဲ့သစ်ကို "ပါလက်စတိုင်းအမျိုးသားရေး သဘောတူညီချက်အပေါ်  အာရပ်နှင့်အစ္စလာမ္မစ်ထောက်ခံမှုအပေါ် အခြေခံသင့်တယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

ဟားမတ်စ်တွေက လက်နက်ဖျက်သိမ်းရေးအပါအဝင် အခြားအချက်များကို သဘောတူခြင်း သို့မဟုတ် ငြင်းပယ်ခြင်းမပြုသေးပါ။ အစီအစဥ်တွင်ဖော်ပြထားသော “အခြားပြဿနာများ” ကို “ပါလက်စတိုင်းနိုင်ငံတော်ဆိုင်ရာ မူဘောင်တစ်ခုမှတစ်ဆင့် ဟားမတ်စ်တို့ပါဝင်မည်ဖြစ်ပြီး ၎င်းကို တာဝန်အားလုံးဖြင့် ပံ့ပိုးကူညီမယ်” လို့လည်း ဆိုထားပါတယ်။  


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)