နေပြည်တော်၊ အောက်တိုဘာ ၇
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှု တိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ လာဘမုနိ တရုတ်ဘုံကျောင်းတွင် အောက်တိုဘာ ၅ ရက်မှစတင်၍ ယာယီဆေးရုံဖွင့်လှစ်ကာ ဒေသခံတိုင်းရင်းသားပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လူနာများ လက်ခံကုသပေးလျက်ရှိရာ ထိုဒေသ အနီးတစ်ဝိုက်မှ ဒေသခံ တိုင်းရင်းသားပြည်သူများ လာရောက်ကုသမှုခံယူလျက်ရှိပြီး အောက်တိုဘာ ၅ ရက်မှ ၆ ရက်အထိ ပြင်ပလူနာ ၁၆၅ ဦးနှင့် အတွင်းလူနာ ၄ ဦးကို လိုအပ်သောကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
ကျောက်မဲမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေဖြင့်လည်း ပဏာမကျန်းမာရေး စောင့်ရှောက်ခြင်းလုပ်ငန်းများကို မြိုနယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အောက်ရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများ အမြန်ဆုံပြန်လည်ဖွင့်လှစ်ပြီး ကျောက်မဲမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများကို ကျန်းမာရေး ပညာပေးခြင်းလုပ်ငန်း၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊ ကိုယ်ဝန်ဆောင် မိခင်နှင့် ကလေးစောင့်ရှောက်ရေးလုပ်ငန်း၊ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းနှင့် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ပြန်လည်အားဖြည့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment