နေပြည်တော်၊ အောက်တိုဘာ ၁၀
မဲစာရင်းမှားယွင်းမှုတွေရှိတယ် ဆိုပြီး ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ၏ ပြောကြားမှုကို အခြေခံ၍ မီဒီယာတစ်ခု ၏ မေးမြန်းမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကောက်မရှင် က မဲဆန္ဒရှင်များက မဲစာရင်းလာရောက်ကြည်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်း ရရှိနိုင်မည်ဖြစ်ကြောင်း ဖြေကြားထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က "မဲစာရင်းပြုစုခြင်းနှင့်စပ်လျဉ်း၍ ကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၅ အရ မဲစာရင်း ပုံစံ(၁)၏ ပူးတွဲ (၁)ပါဇယားအတိုင်း ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြုစုထား သည့် လူဦးရေစာရင်းနှင့် ပုံစံ(၁)၏ ပူးတွဲ(၂)ပါဇယားအတိုင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ပြုစု ထားသည့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆)ပါ လူဦးရေစာရင်းများကို ရယူအခြေခံပြီး ပြုစုခြင်း ဖြစ်ပါတယ်။ မဲဆန္ဒရှင်များက မဲစာရင်းလာရောက်ကြည်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်း ရရှိနိုင်မည်ဖြစ်၍ မဲစာရင်းများကို ၃၀-၉-၂၀၂၅ ရက်နေ့မှ ၁၃-၉-၂၀၂၅ ရက်နေ့ အထိ ပထမအကြိမ်ကပ်ထား ကြေညာခြင်းဖြစ်ပါသည်။ မဲဆန္ဒရှင်ပြည်သူများ ကို မဲစာရင်းများလာရောက်ကြည့်ရှုရန် နိုင်ငံပိုင် မီဒီယာများ၊ သတင်းစာများနှင့် လူမှုကွန်ယက်မီဒီယာများမှ နေ့စဉ် တိုက်တွန်း နှိုးဆော်လျက်ရှိပါသည်။ ကပ်ထားကြေညာထားသည့် မဲစာရင်းများ ပိုမို မှန်ကန်တိကျမှု ရှိစေရေး အတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့်လည်း မဲစာရင်းများ လာရောက်ကြည့်ရှု ပြီး မဲစာရင်း၌ မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် လျှောက်ထားခြင်း၊ ကန့်ကွက်လိုပါက ပုံစံ(၄) ဖြင့် ကန့်ကွက်ခြင်း၊ အချက်အလက်များ ပြင်ဆင်လို ပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ခြင်း စသည်တို့ကို သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေနှင့်အညီ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပုံစံများ အခမဲ့ ရယူ၍ လျှောက်ထားလျက် ရှိကြပါတယ်။" ဟု ဖြေကြားထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲစာရင်းများ မှန်ကန်တိကျမှုရှိစေ ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဥပဒေနှင့်အညီ ဖြည့်စွက်ပြင်ဆင်ပြုစုထားသည့် ဒုတိယအကြိမ်မဲစာရင်းကို မဲဆန္ဒရှင်များ ထပ်မံစိစစ်ကြည့်ရှုနိုင်ရန် အတွက် နိုဝင်ဘာ ဒုတိယပတ်ခန့်တွင် ကပ်ထား ကြေညာပေးမည်ဖြစ်ကြောင်း ဖြေကြားထားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment