ပေါင်မြို့နယ်၌ သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်





ပေါင်၊ အောက်တိုဘာ  ၁၇

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်ခြင်းကိုယနေ့ နံနက်ပိုင်းက ရင်းငြိမ်တောင်ကျေးရွာ ၌ပြည်နယ်သမဝါယမဦးစီးဌာနမှညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့် ဝန်ထမ်းများ၊ရင်းငြိမ်တောင်ကျေးရွာ၊ ရွှေချမ်းသာ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းလိမိတက်ရှိ အသင်းသားပိုင်လယ်များသို့ကွင်းဆင်းကြည့်ရှူခဲ့ကြသည်။

ထိုသို့ကြည့်ရှူရာတွင်သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် မွန်ပြည်နယ်သမဝါယမဦးစီးဌာနမှတာဝန်ရှိသူများသည် ပေါင်မြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေးဆောင်ရွက်နေမှုအခြေအနေများကိုကွင်းဆင်းစစ်ဆေးခဲ့ရာ ရင်းငြိမ်တောင်ကျေးရွာ၊ ရွှေချမ်းသာ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းလိမိတက်ရှိ အသင်းသားပိုင်လယ်တွင် မိုးစပါးများဖြစ်ထွန်းနေမှုအားကြည့်ရှု့ခြင်းနှင့်စပါးရိတ်သိမ်းချိန်အလေအလွင့်မရှိစေရေး၊ပန်းတိုင်အထွက်နှုန်းရရှိနိုင်စေရန်အချိန်မီရိတ်သိမ်းရေး၊လုပ်ငန်းများစနစ်တကျအကောင်အထည်ဖော်နိုင်ရေး လိုအပ်ချက်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)