ပုဇွန်တောင်၊ အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် အောက် တိုဘာ ၁၇ ရက်နေ့ ည ၉:၂၅ နာရီအချိန်က ရှစ်လွှာမှ တိုက်နှစ်လုံးကြားသို့ ကလေးငယ်တစ်ဦး ပြုတ်ကျခဲ့ပြီး ၁၈ မိနစ်ခန့်အကြာတွင် ကယ်ဆယ်နိုင်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက် ည ၉:၂၅ နာရီအချိန်တွင် အမှတ်(၇)ရပ်ကွက် ၊ ရေကျော်လမ်း၊ တိုက်အမှတ်(၆၆)ရှစ်လွှာနေအိမ်တွင် အလည်လာရောက်သော အသက် ၃နှစ် ၆လ အရွယ်ရှိ မဟန်သီ လင်းစက်သည် အခန်းရှိ ထပ်ခိုးတွင် ဆော့ကစားရင်း ၂ ပေပတ်လည်ပြတင်းပေါက်တံခါး ဂျက်ပွင့်၍ အောက်ပြုတ်ကျကာ သုံးလွှာတွင် ညပ်နေကြောင်း သတင်းရရှိမှုကြောင့် ပုဇွန်တောင်မြို့နယ်မီးသတ် ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးငြိမ်းချမ်း ဦးဆောင်၍ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ပီတိ မေတ္တာလူမှုကူညီရေးအသင်းနှင့်ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ည ၉:၂၉ နာရီအချိန်တွင် ရောက်ရှိပြီး Power Unit အသုံးပြု၍ သုံးလွှာရှိ ပြတင်းပေါက်သံပန်းများအား ဖြတ်တောက်၍ ကယ်ဆယ်ခဲ့ရာ ည ၉:၄၃ နာရီအချိန်တွင် မဟန်သီလင်းစက်(မစိုးရိမ်ရ)အား ကယ်ထုတ်ပေး နိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မဟန်သီလင်းစက်အား ပုဇွန်တောင်မြို့နယ်၊ ပီတိမေတ္တာလူမှုကူညီရေးအသင်းမှ လူနာ တင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ဟန်စုယဉ်
https://t.me/MyanmarNationalPost




No comments:
Post a Comment