အောက်တိုဘာ - ၂၂ ( ဗုဒ္ဓဟူးနေ့ )
ဒေသခံ မီဒီယာများရဲ့ သတင်းအရ၊ တနင်္လာနေ့ နံနက်ပိုင်းက Emirate လေကြောင်းလိုင်းမှ ၇၄၇ ကုန်တင်လေယာဉ်တစ်စင်းသည် ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လေယာဉ်ပြေးလမ်းမှ ချော်ထွက်ပြီး ပင်လယ်ထဲသို့ ကျသွားခဲ့ရာ အနည်းဆုံး လူနှစ်ယောက် သေဆုံးခဲ့ရပါတယ်။
ကုန်သွယ်လေယာဉ် ၂၄ ဌာနအဆိုအရ ဒူဘိုင်းမြို့မှ ထွက်ခွာလာတဲ့ အဲ့ဒိလေယာဉ်က ဒေသစံတော်ချိန် မနက် ၄ နာရီမထိုးခင်မှာ လေယာဉ်ကွင်းထဲက ပြေးလမ်းပေါ်ကို ဆင်းသက်လာချိန် မြေပေါ်တွင်ရှိသော ယာဉ်တစ်စီးနှင့် ထိခိုက်မိခဲ့တယ်လို့ သိရပါတယ်။
သက်ဆိုင်ရာအာဏာပိုင်များက လေယာဉ်အမှုထမ်း လေးဦးကို အခင်းဖြစ်ပွားရာနေရာမှ ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံသို့ ပို့လိုက်တယ်လို့ ဆိုပါတယ်။ လေဆိပ်ဝန်ထမ်းများ၏ ပြောကြားချက်အရ သေဆုံးခဲ့သူနှစ်ဦးမှာ လေဆိပ်ကွင်းပေါ်ရှိ လေယာဉ်ဆီဖြည့်ယာဉ်ပေါ်တွင် ရှိနေကြတဲ့ သူတွေလို့ သိရပါတယ်။ တစ်ယောက်က အခင်းဖြစ်ပွားတဲ့နေရာမှာ သေဆုံးခဲ့ပြီး နောက်တစ်ဦးကတော့ ဆေးရုံရောက်မှ သေဆုံးခဲ့တာပါ။
စုံစမ်းရေး ရဲတပ်ဖွဲ့ကတော့ Act Airlines အမည်ဖြင့် ပျံသန်းလာတဲ့ အီမာရိတ်လေယာဉ်က အချိန်မီ ရပ်တန့်နိုင်ခြင်း မရှိဘဲ လေယာဉ်ပြေးလမ်းကနေ ချော်ထွက်သွားပြီး အဲ့ဒိဆီဖြည့်ယာဉ်နဲ့ တိုက်မိခဲ့တယ်လို့ ယုံကြည်ရကြောင်း ဆိုပါတယ်။ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများထဲမှာတော့ လေယာဉ်ရဲ့ ခေါင်းခန်းက ရေထဲကျသွားပြီး လေယာဉ်ကိုယ်ထည်မှာလည်း ပြင်းထန်စွာ ပျက်စီးနေတာကို တွေ့ရပါတယ်။
လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုတွေကို လုပ်နေလို့ လေဆိပ်မြောက်ဘက်ပြေးလမ်းကို ပိတ်ထားခဲ့ပေမဲ့ အခြားပုံမှန်လည်ပတ်မှုတွေကိုတော့ ဆက်လုပ်နေပါတယ်။
REF: UPI
https://t.me/MyanmarNationalPost

No comments:
Post a Comment